မင်းလှမြို့တွင် ကျောင်းသား/ သူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြခြင်းပြုလုပ်

မင်းလှ နိုဝင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာနက ကျောင်းတွင်းအခြေပြု သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ဘေးအန္တရာယ်အသိပညာပေးရန် ရည်ရွယ်၍ အ.ထ.က စိန်ကန့်လန့်ကျောင်း၌  ကျောင်းသား/ သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ အသိပညာပေး‌ဟောပြောခြင်းနှင့် သရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီချိန်က ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဖြိုးမင်းပိုင်က အမှာစကားပြောကြားပြီး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာနမှ ဦးစီးရာရှိဒေါ်ကေသီမြင့်က ဌာန၏ ရည်ရွယ်ချက်(၂)ရပ်နှင့် လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက လေဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုး‌ဘေး၊ ငလျင်ဘေးစသည့် သဘာဝ‌ဘေးအန္တရာယ်များ ကျရောက်လာပါက ဆောင်ရန်ရှောင်ရန်နည်းလမ်းများကို အသိပညာပေး‌ ဟောပြောခြင်းနှင့် သရုပ်ပြခဲ့၍ ကျောင်းသား/ သူများနှင့်အတူ ဆွေးနွေးမေးမြန်းဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ထို့နောက်လူမူဝန်ထမ်း၊ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်‌ဝေသော ရေဘေး၊ ငလျင်ဘေး အသိပညာပေး ဗီနိုင်း၊ ပိုစတာ၊ လက်ကမ်းစာစောင်များအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဘုန်းနိုင်က တာဝန်ခံကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)