ပိုင်ကျုံမြို့၌ စုပေါင်းမဟာဘုံကထိန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပိုင်ကျုံ  နိုဝင်ဘာ  ၂

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့   အမှတ်(၂)ရပ်ကွက် ပရဟိမြို့မ သာသနာပြုကျောင်း၌  စုပေါင်းမဟာဘုံကထိန်ပွဲကြီးကို ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများ စုပေါင်းကာ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်ပွဲကြီးကို ရပ်မိရပ်ဖများနှင့်  တာဝန်ရှိသူများက ဦးဆောင်၍  ရပ်ကွက်အတွင်းရှိ ဗုဒ္ဓဘာသာဝင် ဒေသခံပြည်သူများနှင့် စေတနာရှင်ပြည်သူများ စုပေါင်းကာ ကထိန်လျာသင်္ကန်းနှင့် ပဒေသာပင်များကို ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာနှင့်အညီ စနစ်တကျ စည်တန်းလှည့်လည် ပူဇော်ကျင်းပခဲ့ကြသည်။

ပိုင်ကျုံမြို့  ပရဟိတ မြို့မသာသနာပြုကျောင်းတွင်  စုပေါင်းမဟာဘုံကထိန်ပွဲကို  ဌာနဆိုင်ရာ ဝန်ထမ်းများ ကထိန်မတည် အလှူရှင်များနှင့် ဒေသေန စေတနာရှင်ပြည်သူများ စုပေါင်းကာ  တန်ဆောင်မုန်းလတွင် နှစ်စဉ်စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်

နော်ခူး(ပြန်/ဆက်)