သတင်းများ

(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့ရှောင်လမ်းဖွင့်လှစ်
Mar 25,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်သော ဘားအံမြို့ရှောင်လမ်းဖွင့်ပွဲကို နံနက် ၉ နာရီ ခွဲခန့်က ရဲသာ(ကမော့ကစင်) ကျေးရွာရှိ အဆိုပါလမ်းမုခ်ဦး၌ ဆက်လက်ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်၏ အခြေခံ အဆောက်အဦများဖြစ်သည့် လမ်း၊ တံတားများ တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ အခြားဒေသမှစီးပွားရေး ဆိုင်ရာရင်းနှီးမြှုပ်နှံမှု များ ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ပြည်နယ်သူ၊ ပြည်နယ်သားများအနေဖြင့်လည်း လမ်း၊ တံတားများရေရှည်တည်တံ့ ကောင်းမွန် ရေး ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့ တာဝန်ရှိပါကြောင်းနှင့် ကျန်ရှိသည့်လမ်း၊ တံတား အဆင့်မြှင့်တင်ရေးလုပ်ငန်းများတွင်လည်း ပူးပေါင်းပါဝင်ကူညီပေးကြစေ လိုကြောင်း ပြောကြားသည်။
တာမွေမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Mar 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား/ သူလေးများအား (၇၇) နှစ်မြောက် တပ်မတော်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း အရာများ၊ ရဲဘော်သုံးကျိပ်ဖြင့် စတင်ဖွဲ့စည်းခဲ့သော မြန်မာ့ တပ်မတော်၏ သမိုင်းအစဉ်အလာ ကြီးမားပုံများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေပြီး ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈-ခုနှစ်)ကို ကာကွယ်စောင့်ရှောက်လျက် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးအတွက် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူအားလုံးက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်အစိုးရ၏ အမျိုးသားရေး လုပ်ငန်းစဉ်အဖြစ် အဓိက ဆောင်ရွက်လျက်ရှိသည့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားနပ်ရိက္ခာ ပေါများဖူလုံရေး လုပ်ငန်း စဉ်များတွင် တပ်မတော်နှင့်အတူ ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား တာဝန်ယူ ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူအားလုံးက လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက်နိုင်ရေးအတွက် ပြည်သူ အားလုံးက တစ်ထောင့်တစ်နေရာမှ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ ဝန်ထမ်းများက ဌာနမှထုတ်ဝေသည့် ၂၀၂၂-ခုနှစ် မတ်လ ( ၂၇ )ရက်နေ့တွင် ကျရောက်မည့် " (၇၇)နှစ်မြောက် တပ်မတော်နေ့ " အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများ၊ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည် ဆိုင်များ၊ စားသောက်ဆိုင်များနှင့် လမ်းဆုံလမ်းခွနေရာများ အပါအဝင် လူစည်ကားရာနေရာတို့တွင် ကျောင်းသား/သူများနှင့် ပြည်သူများထံ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေ ပေးခဲ့ကြသည်။
သိန္နီမြို့နယ်တွင်  နွေရာသီ အခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြားပေး
Mar 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ အခြေခံအားကစားပညာသင်တန်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ် အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဘုရားသုံးဆူမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 25,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ဌာနဆိုင်ရာရုံးများ၊လူစည်း ကားရာနေရာများနှင့် ရပ်ကွက်များရှိ ပြည်သူများထံသို့ အခမဲ့ လိုက်လံဖြန့်ဝေခဲ့ကြောင်းသိရသည်။
နတ်တလင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့​ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ​အား စာ​မေးပွဲ​ဖြေဆိုခွင့် ကတ်ပြားများ စတင်ထုတ်​‌ပေး
Mar 25,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ​ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ များအား ဖြေဆိုခွင့်ကတ်ပြားများကို ယ​မန်နေ့ နံနက်ပိုင်းမှစ၍ ထုတ်​ပေး​နေပြီဖြစ်​ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၂)ခု တို့အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်
Mar 25,2022
ပဲခူးတိုင်းဒေသကြီး၊ ‌ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာန (၂)ခုတို့အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ယနေ့နံနက်က မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။
ဘုတ်ပြင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး
Mar 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ယနေ့နံနက်က မြို့နယ် မီးသတ်ဦးစီးဌာနက ဦးဆောင်ပြီးမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးဌာနတို့ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကျိုင်းတောင်းမြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့​ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ များ​အား စာ​မေးပွဲ​ဖြေဆိုခွင့် ကတ်ပြားများ ထုတ်​ပေး
Mar 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ​ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို စတင်ထုတ်​ပေး​နေပြီဖြစ်​ကြောင်း သိရသည်။