၂၀၂၂ ခုနှစ် နိုင်ဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးခရိုင် ထွေ/အုပ်ဝန်ထမ်းမိသားစုမှ နဂါးကျစ်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား အာဟာရဒါနကျွေးမွေးလှူဒါန်း

ညောင်ဦး  နိုဝင်ဘာ 

၂၀၂၂ ခုနှစ် နိုင်ဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများစုပေါင်းကာ ညောင်ဦးမြို့ အမှတ်(၇)၊ ဝက်ကြီးအင်းရပ်ကွက်ရှိ နဂါးဂျစ်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားတို့အား ယနေ့နံနက်တွင် အဘိုးအဘွားတို့အား အာဟာရဒါနအဖြစ် တစ်ရက်စာလှူဒါန်းကျွေးမွေး ဒါနပြုခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ(၇)ရက်နေ့တွင်ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် ဂုဏ်ပြု၍ နဂါးကျစ်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားတို့အား အာဟာရဒါနလှူဒါန်းရာသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်၊ ခရိုင်စီမံအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်၊ ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကာ အဘိုးအဘွားများအား အာဟာရဒါနကျွေးမွေးလှူဒါန်းခြင်း၊ ဝတ္ထုငွေလှူဒါန်းခြင်းများ ပြုလုပ်ခြင်းဖြင့် (၃၄) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မွေးနေ့အား ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း၊ ညောင်ဦးမြို့ နဂါးကျစ်ဘိုးဘွားရိပ်သာတွင် အဘိုး (၅)ဦး၊ အဘွား (၁၅) ဦးရှိကြောင်းလည်း သိရသည်။

ကိုကြေးမုံ