စဉ့်ကိုင် နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသော ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ ပရဟိတအသင်းအဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ၍ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရှိသည်။
စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဉက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် Omicron အပါ အဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကို သတိပြုကာကွယ် ရန်နှင့်ကူးစက် ပြန့်ပွားမှုမဖြစ်စေရေး၊ ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်နှင့် ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာ များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့၀င်များနှင့် ပူးပေါင်းပြီး ပြည်သူများသိရှိလိုက်နာစေရန်၊ အသံချဲ့စက်များ ၊HandSpaker များဖြင့် လှည့်လည်ပြီး အသိပညာပေးနှိုးဆော်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်း ပိုးသတ်ဆေးများ ဖြန်းပေးခြင်း၊ ဒေသန္တာရစည်းကမ်းချက်များ၊ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိ စစ် ဆေးခြင်းအသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး နိုဝင်ဘာ(၁)ရက်နေ့ထိ First Dose (၈၅၈၉၄) ဦး၊ Second Dose (၇၆၉၅၀)ဦး၊ Third Dose (Booster Dose) (၂၃၃၄၄)ဦးနှင့် စတုတ္ထအကြိမ် (Booster Dose) (၁၄၂၃)ဦးတို့အား ထိုးနှံပေးပြီးဖြစ်ရာ ကျန်ရှိသူများကိုလည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော့မူယာမောင်(ပြန်/ဆက်)