မြောက်ဥက္ကလာပ နိုဝင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (က) ရပ်ကွက် မေယုလမ်းပေါ်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း မြတ်ဆရာခန်းမ၌ ယနေ့ နံနက် ၉ နာရီ အချိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ်(၃၅)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူးဒုရဲမှူး လှိုင်ဝင်းအောင်နှင့်အဖွဲ့က လမ်းအသုံးပြုသူများလိုက်နာရမည့် စည်းကမ်းများ၊ ဆိုင်ကယ်စီးနင်းရာတွင် လိုက်နာရမည့်အချက်များ၊ ယာဉ်တော်တဆမှုနှင့် ပတ်သက်သည့် အမှားအမှန်များ၊ ၂၀၂၀ ပြည့်နှစ် ထုတ်ပြန်ထားသည့် မော်တော်ယာဉ် ဥပဒေအကြောင်းများကို ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ အသိပညာပေး လက်ကမ်းစာစောင် များလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများ၊ ဆရာ/မများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သိင်္ဂီပြည့်ဖြိုး(ပြန်/ဆက်)