ကျိုက်ထိုမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များနှင့်ပတ်သက်၍ လက်ကမ်းစာစောင်များဖြန့်ဝေ

ကျိုက်ထို နိုဝင်ဘာ ၂

ကျိုက်ထိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများကနိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ၆၆/၆(အထစ)နှင့်ပတ်သက်၍ ပြည်သူအများသိရှိနိုင်ရန် လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းတွင် ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်သွားကားလမ်းဘေးရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ဖြန့်ဝေပေးခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့်ပတ်သက်သည့် အချက်(၇)ချက်၊ ပုံစံ(၆၆/၆)အိမ်ထောင်စုလူဦးရေစာရင်း(အထစ)နှင့်ပတ်သက်၍ အချက်(၆)ချက်ကို ပြည်သူအများသိရှိနားလည်စေရန် ပြည့်စုံစွာဖေါ်ပြထားသည်။

ထိုသို့ဖြန့်ဝေရခြင်းမှာ ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူများနိုင်ငံသားများ၏ ကိုယ်ရေးအကြောင်းအရာများကို သိရှိလိုလျှင်သော်လည်းကောင်း တိကျမှန်ကန်သော အထောက်အထားကို အမြန်ဆုံးသိရှိနိုင်ရေးတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း(၆၆/၆)ပုံစံများအား Software Program စနစ်ဖြင့် Database ထည့်သွင်းရိုက်ကူးခြင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်လျက်ရှိ၍ အခက်အခဲရှိသည့် ပြည်သူများအ‌နေဖြင့် သက်ဆိုင်ရာမြို့နယ်(လဝက)ရုံးများသို့ သွားရောက်ဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်ဖြင့် အသိပညာပေးဖြန့်ဝေကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)