မှော်ဘီမြို့နယ်တွင် အခြေခံမော်တာ စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

မှော်ဘီ နိုဝင်ဘာလ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ (၂၀၂၂-၂၀၂၃) ခုဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာ စက်ချုပ်သင်တန်း (/၂၀၂၂) ကို သဲကုန်းကျေးရွာတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းက အခြေခံမော်တာ စက်ချုပ်သင်တန်း ဆင်းပွဲကို အဆိုပါ ကျေးရွာရှိကျေးရွာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင်မှော်ဘီခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ဆွေဆွေမြင့်က သင်တန်းဆင်း အမှာစကားများ ပြောကြားခဲ့ကာ သင်တန်းတွင် ဆုရရှိသူများအား ဆုများပေးအပ်ခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးတင်စိုးက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို အောက်တိုဘာလ () ရက်နေ့မှ နိုဝင်ဘာလ () ရက်နေ့အထိ တစ်လကြာဖွင့်လှစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သလို သင်တန်းသို့ ကျေးရွာနေပြည်သူ (၁၅) ဦးတို့ တက်ရောက်ခဲ့ကြကြောင်းလည်း သိရပြီးသင်တန်းသူများ အလုပ်အကိုင်ရရှိရေးအတွက် လည်းအထည်ချုပ်စက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လည်းသိရသည်။                                                                                  

ဇင်မင်းထိုက်(ထန်းတပင်)