(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဘတ်စကက်ဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Mar 28,2022
(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ပဲခူးမြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) (3×3) ဘတ်စကက်ဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ပဲခူးတိုင်းဒေသကြီး၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး အားကစားနှင့် ကာယာပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ မြို့နယ် အားကစားမှူး ဦးဝင်းကျော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်နှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး