သတင်းများ

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်
Nov 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ကျောင်းသား/သူလေးများ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်၊ ကာယ၊ ဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အကျင့်ရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် ကာယ၊ ညာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် နိုင်ဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးခရိုင် ထွေ/အုပ်ဝန်ထမ်းမိသားစုမှ နဂါးကျစ်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား အာဟာရဒါနကျွေးမွေးလှူဒါန်း
Nov 02,2022
၂၀၂၂ ခုနှစ် နိုင်ဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများစုပေါင်းကာ ညောင်ဦးမြို့ အမှတ်(၇)၊ ဝက်ကြီးအင်းရပ်ကွက်ရှိ နဂါးဂျစ်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားတို့အား ယနေ့နံနက်တွင် အဘိုးအဘွားတို့အား အာဟာရဒါနအဖြစ် တစ်ရက်စာလှူဒါန်းကျွေးမွေး ဒါနပြုခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ်တွင် အခြေခံမော်တာ စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ
Nov 02,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ မှော်ဘီမြို့နယ်​ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ (၂၀၂၂-၂၀၂၃) ခုဘဏ္ဍာ​ရေးနှစ် အသက်​မွေးဝမ်း​ကျောင်း အ​ထောက်အကူပြု အခြေခံမော်တာစက်ချုပ်သင်တန်း (၂/၂၀၂၂) ကို သဲကုန်းကျေးရွာတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းက အခြေခံမော်တာ စက်ချုပ်သင်တန်း ဆင်းပွဲကို အဆိုပါ ကျေးရွာရှိ​ကျေးရွာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အထက-ခွဲ(လွယ်ယင်း)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Nov 02,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ဆောင်ရွက်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲက လွိုင်ယဲကျေးရွာအုပ်စု၊ တိုင်းကောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း-ခွဲ(လွယ်ယင်း)တွင် ပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များနှင့်ပတ်သက်၍ လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 02,2022
ကျိုက်ထိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများကနိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ၆၆/၆(အထစ)နှင့်ပတ်သက်၍ ပြည်သူအများသိရှိနိုင်ရန် လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းတွင် ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်သွားကားလမ်းဘေးရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ဖြန့်ဝေပေးခဲ့သည်။
စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Nov 02,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသော ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ပြည်သူ့စွမ်းဆောင်ရည် မြှင့်တင်ရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံဂဟေဆက် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Nov 02,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပြည်သူ့စွမ်းဆောင်ရည် မြှင့်တင်ရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံဂဟေဆက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးရှိ သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများလှူဒါန်း
Nov 02,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကယားပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်း များရှိ သံဃာတော်များ ဆွမ်း၊ ကွမ်း၊ အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်း လျက်ရှိသည်။