ကန့်ဘလူမြို့နယ်၌ အသက် ၆၀ နှစ်နှင့်အထက်ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး စတင်ထိုးနှံ
Mar 28,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီး ခြောက်လပြည့်ပြီးသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးလျက်ရှိရာ မတ် ၂၈ ရက်နံနက် ၈ နာရီက ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို ထပ်ဆောင်း ကာကွယ်ဆေး Booster Dose စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။