သတင်းများ

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် “ မျိုးဆက်ပွားကျန်းမာရေး သားဆက်ခြားကာ ဆောင်ရွက်ပေး” အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်
Nov 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လိပ်သိုတိုက်နယ်ကျန်းမာရေးဌာနတို့ပူးပေါင်းပြီး “ မျိုးဆက်ပွား ကျန်းမာရေး သားဆက်ခြားကာ ဆောင်ရွက်ပေး” အသိပညာပေး ဆွေးနွေးပွဲ  (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Nov 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ထန်းပင်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ ကျင်းပခဲ့သည်။
ပိုင်ကျုံမြို့၌ စုပေါင်းမဟာဘုံကထိန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Nov 02,2022
ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့   အမှတ်(၂)ရပ်ကွက် ပရဟိမြို့မ သာသနာပြုကျောင်း၌  စုပေါင်းမဟာဘုံကထိန်ပွဲကြီးကို ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများ စုပေါင်းကာ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
မင်းလှမြို့တွင် ကျောင်းသား/ သူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြခြင်းပြုလုပ်
Nov 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာနက ကျောင်းတွင်းအခြေပြု သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ဘေးအန္တရာယ်အသိပညာပေးရန် ရည်ရွယ်၍ အ.ထ.က စိန်ကန့်လန့်ကျောင်း၌  ကျောင်းသား/ သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ အသိပညာပေး‌ဟောပြောခြင်းနှင့် သရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီချိန်က ပြုလုပ်ခဲ့သည်။
အုတ်တွင်းမြို့နယ်၌ (၁၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်အောင်ပွဲ အခမ်းအနားကျင်းပ
Nov 02,2022
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် (၁၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်အောင်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ပုဗ္ဗသီရိမြို့နယ်၌ ကျွဲ/နွားများအား ခွာနာလျှာနာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Nov 02,2022
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ထိန်းချူပ်ရေးစီမံချက်အဖြစ် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျွဲ၊နွားများအား ခွာနာ၊ လျှာနာ ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိသည်။
ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့်  ဆောင်ရွက်သည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Nov 02,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်း လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ရသေ့တောင်မြို့၌ မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Nov 02,2022
ရခိုင်ပြည်နယ်၊ စစ်‌တွေခရိုင်၊ ရသေ့တောင်မြို့၌မြို့ နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ် ကွက်များအတွင်းရှိ ကလေးငယ်များအားမွေးစမှ အသက်တစ်နှစ်အောက်ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀နာရီအချိန် စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။