သတင်းများ

ပေါင်မြို့နယ်တွင် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၂/၂၀၂၂) ဖွင့်လှစ်
Mar 28,2022
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုင်း​ယောင်းမြို့နယ် ဝန်ထမ်း​ပေါင်းစုံသမအသင်းနှင့် ဂျီအီးစီပညာ​ရေး သမအသင်းတို့၏ အရပ်ရပ်ဆိုင်ရာအစည်းအ​​ဝေး ကျင်းပ
Mar 28,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဝန်ထမ်း​ပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်နှင့် ဂျီအီးစီ ပညာ​ရေးဝန်ထမ်း သမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ​ရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ (MiNi) ဘာဏ္ဍာ​ရေးနှစ် စုစု​ပေါင်း (၁၈) လစာ အတွက် အရပ်ရပ်ဆိုင်ရာအစည်းအ​ဝေးကို ယ​နေ့နံနက် ၁၀ နာရီက အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
လှိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနဖြစ်သည့် အ.ထ.က(၁ )ကျောင်းတွင် စစ်ဆေးခြင်းများဆောင်ရွက်
Mar 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနဖြစ်သည့် အ.ထ.က (၁)ကျောင်းအား စစ်ဆေးခြင်းများကို ယနေ့နေ့လယ် ၁၁:၀၀နာရီအချိန်က လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဟန်၀င်းလတ်နှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့တွင် ကွယ်လွန်ပြီးခဲ့သောစစ်မှုထမ်းဟာင်း(၂၂)တို့အား ရည်စူး၍ ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပ
Mar 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ ဦးဆောင်၍ စစ်မှုထမ်းဟောင်အဖွဲ့တွင် ကွယ်လွန်သွားပြီးခဲ့သော စစ်မှုထမ်းဟောင်း (၂၂)ဦးတို့အား ရည်စူး၍ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချတရားနာခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်စစ်မှုထမ်းဟောင်းရုံးတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Mar 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့ မွန်းလွဲ (၁)နာရီအချိန် က စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ (၄-၃-၂၀၂၂)ရက်နေ့ ရတနာပုံသတင်းစာတွင် ဖော်ပြထားသော ဆောင်းပါးရှင် ဇော်လေး ရေးသားထားသည့် ‘ကံကောင်းခြင်းကို သင်ဖန်တီးနိုင်’ ဆောင်းပါးအား စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အလုံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်​ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်​​ရေးအတွက် ရပ်ကွက်များသို့ ကွင်းဆင်းထိုးနှံ​ပေး
Mar 28,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး စီမံချက်အရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြေပြင်ကွင်းဆင်း ထိုးနှံပေးလျက်ရှိရာ ယ​​နေ့နံနက်(၉:၀၀)နာရီအချိန်က ဌာနာရပ်ကွက်၊ အလုံခန်းမတွင် အသက်(၁၈) နှစ်အထက် ပြည်သူ(၈၈)ဦးအား ပထမအကြိမ် (First Dose)ထိုးနှံခြင်းနှင့် (၅၀) ဦး တို့အား ဒုတိယအကြိမ် (Second Dose) ထိုးနှံ​ပေးလျက်ရှိ​ကြောင်းသိရသည်။
ကမာရွတ်မြို့နယ်တွင် ကြက်​ခြေနီအသင်းခွဲ၊ တပ်ဖွဲ့မှ​ ရှေးဦးပြုစုနည်းအ​ခြေခံသင်တန်းဆင်းပွဲကျင်းပ
Mar 28,2022
ကြက်​ခြေနီအသင်း၏လုပ်ငန်းစဉ်(၃)ရပ် အ​ကောင်ထည်​ဖော်နိုင်​ရေး၊ နိုင်ငံ​တော်အတွင်းဖြစ်​ပေါ်လျက်ရှိ​သော သဘာဝ​ဘေးအန္တရာယ်များနှင့် အ​ရေး​ပေါ်အ​ခြေအ​နေများဖြစ်​ပေါ်လာချိန်တွင် စနစ်တကျ ကူညီ​ဆောင်ရွက်​ပေးရန်၊​ ရှေးဦးပြုစုခြင်းစွမ်းရည်များနှင့် ကြက်​ခြေနီအဖွဲ့ဝင်​စေတနာ လုပ်အားရှင်အင်အား တိုးပွားလာ​စေရန် ရည်ရွယ်၍ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြို့နယ်ကြက်​ခြေနီအသင်းခွဲ၊ တပ်ဖွဲ့မှ ကြီးမှုး၍​ ရှေဦးပြုစုခြင်း(အ​ခြေခံ) သင်တန်း၁/၂၀၂၂ကို အမှတ်(၈)ရပ်ကွက် ပြည်ရိပ်မွန်အိမ်ရာ၊ အမှတ်(၇)အ​ခြေခံပညာမူလတန်း​ကျောင်း၌ ၂၄-၃-၂၀၂၂ရက်​နေ့မှ၂၇-၃-၂၀၂၂ရက်​​နေ့ထိ သင်ကြား​ပေးခဲ့ပါသည်။
ရေတာရှည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနများအား ​မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Mar 28,2022
ပဲခူတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား ​မီးဘေးလုံခြုံရေးအတွက်  ယနေ့တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။