သတင်းများ

မော်လိုက်-တွန်းပင်လမ်းအား ကွန်ကရစ်လမ်းခင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းစစ်ဆေး
Mar 27,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ မော်လိုက်-တွန်းပင်သွားလမ်းအား အောက်ခံမြေ သားပြုပြင်ပြီး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများနှင့် မော်လိုက်-တွန်းပင်-မိချောင်းတွင်း-တပ်ကုန်း လမ်းပေါ်တွင် Slab Culvert တစ်စင်း တည်ဆောက်နေမှုတို့အား မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့၌ အေရိုးဗစ်နှင့်မြန်မာ့ သိုင်းအခြေခံအားကစားနည်းသင်တန်း၌ တက်ရောက်သူကျောင်းသား/သူများပိုမိုများပြား
Mar 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အားကစားနှင့် ကာယပညာဦးစီဌာနမှ ကြီးမှူးကျင်းပသော နွေရာသီကျောင်းပိတ်ရက်တွင်အခြေခံ အားကစားနည်းများဖြစ်သော အေရိုးဗစ်နှင့် မြန်မာ့သိုင်းအခြေခံအားကစားနည်းများကို သင်တန်းအခမဲ့ဖွင့်လှစ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းတွင် အခြေခံ ပညာမူလတန်း အမှတ် (၇) ကျောင်း၌ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လပွတ္တာမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန၊ ခရိုင်ပညာရေးဦးစီးဌာန တို့ပူးပေါင်းကျင်းပသည့် “လူငယ် လူရွယ်များဘက်စုံဖွံ့ဖြိုးရေး” အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ငါးထပ်ဆောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းဘူးမြို့နယ် ရွာသာကျေးရွာ အဝင်းလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ဖွင့်လှစ်
Mar 27,2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် (၁၄၂.၈၀၀)သန်းဖြင့် ဆောင်ရွက်သော မင်းဘူးမြို့နယ်၊ ရွာသာ ကျေးရွာ အဝင်လမ်း (၀/၆)မိုင် (1.207 km) ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က အဆိုပါနေရာ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲကျင်းပ
Mar 27,2022
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနား ခရိုင်၊ ဝိုင်းမော်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်
Mar 27,2022
(၇၇) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က တပ်မတော်နေ့အကြောင်း သိကောင်းစရာများ အသိပညာ ပေး Talk Show ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မအူပင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းသား/သူများအား လူငယ်ရေး ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ် ၁၁ နာရီက ဟောပြောခဲ့ကြောင်း သိရသည်။
ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်စေရေး လူမှုကွန်ယက်နှင့် ဒီဂျစ်တယ်မီဒီယာ များဖန်တီးခြင်းဆိုင်ရာ လက်​တွေ့အသုံးချနည်းကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်
Mar 27,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများလုပ် ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီးသတင်းရေးသားနည်းပညာကျွမ်းကျင်မှုအရည်အသွေးမြင့်မားလာစေရန်နှင့် သတင်းမီဒီယာဆောင်ရွက်နေသောဝန်ထမ်းများ အရည်အသွေးမြှင့်မားလာ စေရေးတို့အတွက် လူမှုကွန်ယက်နှင့် ဒီဂျစ်တယ်မီဒီယာများအတွက်ဖန်တီးခြင်းဆိုင်ရာ Content လက်တွေ့အသုံးချနည်းကျွမ်းကျင်မှုသင်တန်းကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထု အခြေပြု ဗဟိုဌာန(ဗဟန်း)၊ (Community Centre) ၌ ယမန်နေ့နံနက်၉နာရီတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် သည်။