သတင်းများ

သနပ်ပင်မြို့နယ်အတွင်း ကျင်းဟုံခြင်ဆေးခွေများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်
Mar 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများ၊ သနပ်ပင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးသိန်းဆွေ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ မြို့မဈေးအတွင်း/ အပြင်ရှိဈေးဆိုင်များအတွင်း ကျင်းဟုံ ခြင်ဆေးခွေများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကွင်းချောင်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Mar 29,2022
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ မတ်လ ၂၇ ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်က ကွင်းချောင်းကျေးရွာအုပ်စုများရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မအူပင်ခရိုင်၊ Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှ ရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ မအူပင်ခရိုင်၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ဆောင်ရွက်ခဲ့သည်။
မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Mar 29,2022
မန္တလေးတိုင်းဒေသကြီး ၊ မြစ်သားမြို့နယ်တွင်  အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်းစုရပ်နေရာများအလိုက် ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လူငယ်များ၏ ကာယဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျောက်တံတားမြို့နယ်၌ ရှေးဦးပြုစုခြင်း ပညာသင်တန်းဖွင့်လှစ်
Mar 29,2022
လူငယ်များ၏ ကာယဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွေရာသီကျောင်းပိတ်ရက်တွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသား/ ကျောင်းသူများအား ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း‌၍ ရှေးဦးပြုစုခြင်း ပညာအခြေခံအဆင့်သင်တန်းကို ယမန်နေ့နံနက် (၉:၀၀)၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre )တွင် ဖွင့်လှစ် ခဲ့‌ကြောင်း သိရသည်။
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး Talk Show ပြုလုပ်
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး Talk Show ကို မတ်လ (၂၇)ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ ဓနုဖြူမြို့နယ်၊ တမြာလျှပ်စစ်မြစ်ရေတင်စီမံကိန်း (အကျိုးပြုဧက ၃၀၀၀) သို့ ကြည့်ရှုစစ်ဆေး
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ တမြာကျေးရွာအုပ်စု၊ တမြာကျေးရွာရှိ တမြာလျှပ်စစ် မြစ်ရေတင်စီမံကိန်း (အကျိုးပြုဧက ၃၀၀၀) သို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ ယမန်နေ့ မွန်းလွဲ(၃)နာရီက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများ ထုတ်ပေး
Mar 29,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုရန် ကျောင်းသူ/ကျောင်းသားများအနေဖြင့် မိမိတို့ဖြေဆိုမည့် စာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။