သတင်းများ

ကမာရွတ်မြို့နယ်တွင် ကြက်​ခြေနီအသင်းခွဲ၊ တပ်ဖွဲ့မှ​ ရှေးဦးပြုစုနည်းအ​ခြေခံသင်တန်းဆင်းပွဲကျင်းပ
Mar 28,2022
ကြက်​ခြေနီအသင်း၏လုပ်ငန်းစဉ်(၃)ရပ် အ​ကောင်ထည်​ဖော်နိုင်​ရေး၊ နိုင်ငံ​တော်အတွင်းဖြစ်​ပေါ်လျက်ရှိ​သော သဘာဝ​ဘေးအန္တရာယ်များနှင့် အ​ရေး​ပေါ်အ​ခြေအ​နေများဖြစ်​ပေါ်လာချိန်တွင် စနစ်တကျ ကူညီ​ဆောင်ရွက်​ပေးရန်၊​ ရှေးဦးပြုစုခြင်းစွမ်းရည်များနှင့် ကြက်​ခြေနီအဖွဲ့ဝင်​စေတနာ လုပ်အားရှင်အင်အား တိုးပွားလာ​စေရန် ရည်ရွယ်၍ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြို့နယ်ကြက်​ခြေနီအသင်းခွဲ၊ တပ်ဖွဲ့မှ ကြီးမှုး၍​ ရှေဦးပြုစုခြင်း(အ​ခြေခံ) သင်တန်း၁/၂၀၂၂ကို အမှတ်(၈)ရပ်ကွက် ပြည်ရိပ်မွန်အိမ်ရာ၊ အမှတ်(၇)အ​ခြေခံပညာမူလတန်း​ကျောင်း၌ ၂၄-၃-၂၀၂၂ရက်​နေ့မှ၂၇-၃-၂၀၂၂ရက်​​နေ့ထိ သင်ကြား​ပေးခဲ့ပါသည်။
ရေတာရှည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနများအား ​မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Mar 28,2022
ပဲခူတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား ​မီးဘေးလုံခြုံရေးအတွက်  ယနေ့တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် အားကစားဆိုင်ရာလှုပ်ရှားမှုပြိုင်ပွဲများ ပြုလုပ် 
Mar 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreခန်းမတွင် ကျောင်းသား/သူများ နွေရာသီကျောင်းပိတ်ရက်များတွင် ကာယဉာဏဖွံ့ဖြိုးစေရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် အားကစားဆိုင်ရာ လှုပ်ရှားမှုပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတွင် ဘောလုံး၊ ကရာတေး၊ မြန့်မာ့သိုင်း၊ အေရိုးဗစ်နှင့် စားပွဲတင်တင်းနစ် သင်တန်းများ ဖွင့်လှစ်
Mar 28,2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မတ် ၂၅ ရက်နေ့က စတင်ပြီး ဘောလုံးကစားနည်း၊ မြန်မာ့သိုင်း၊ ကရာတေး၊ အေရိုးဗစ်နှင့် စားပွဲတင်တင်းနစ် ကစားနည်း သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကယားပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ထမ်းများအား ဝတ်စုံနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်
Mar 28,2022
ကယားပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ထမ်းများအား ဝတ်စုံနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ မြို့နယ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် လူငယ်အခန်းကဏ္ဍမြှင့်တင်ရေး အစီအစဉ်အရ ဒေသအဆင့်ရာသီဉတုပြောင်းလဲမှု ခံနိုင်ရည်ရှိရေး စွမ်းဆောင်ရည် တည်ဆောက်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်
Mar 28,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် လူငယ်အခန်းကဏ္ဍ မြှင့်တင်ရေးအစီအစဉ်အရ ဒေသအဆင့်ရာသီဉတု ပြောင်းလဲမှုခံနိုင်ရည်ရှိရေး စွမ်းဆောင်ရည်တည်ဆောက်ခြင်းဆိုင်ရာသင်တန်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ကြောင်း သိရသည်။
ကျောက်မဲမြို့ပေါ်ရှိ ပိုးသတ်ဆေး အရောင်းဆိုင်များအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Mar 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရှိ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများ ရောင်းချနေသည့် အရောင်းဆိုင် ၅ ဆိုင်အား ယနေ့နံနက် ၉ နာရီ အချိန်က  တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြောက်ဦးခရိုင်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများတွင် မီးဘေးလုံခြုံရေးကြိုတင် စစ်ဆေး
Mar 28,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများတွင် မီးလောင်မှုမရှိစေရေးအတွက် စာသင်ကျောင်းများသို့ သွားရောက်ပြီး ယနေ့နံနက် ၁၀ နာရီအချိန်က သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။