ဘိုကလေးမြို့နယ်တွင် နွေရာသီ အားကစား သင်တန်းများ ဖွင့်လှစ်ပို့ချနေ
Mar 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီ ကျောင်းပိတ်ရက် ကာလများအတွင်း ကျောင်းသား၊ ကျောင်းသူ၊ လူငယ်မောင်မယ်များ အနေဖြင့် အားလပ်ချိန်များအား ကောင်းမွန်သည့် နည်းလမ်းများဖြင့် အသုံးပြုနိုင်စေရေးကို ရည်ရွယ်၍ မတ်လ(၂၅)ရက်နေ့မှ စတင်၍ ကျွမ်းကျင်အားကစား နည်းပြများနှင့်အတူ နွေရာသီအားကစား သင်တန်းများ ပို့ချပေးလျက်ရှိသည်။