အာရောဂျတံခွန်ကုသိုလ်ဖြစ် မျက်စိအထူးကုဆေးရုံးတွင် လစဉ်အခမဲ့ကုသပေး
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အာရောဂျတံခွန် မျက်စိအထူးကုဆေးရုံတွင် ဦးဆောင်နာယကဆရာတော်များက မျက်စိဝေဒနာရှင်များအား လစဉ်တိုင်းအခမဲ့ ကုသပေးလျက်ရှိကြောင်း သိရသည်။ ၁၉.၃.၂၀၂၂ ရက်နေ့တွင် (၂၀၄) ဦး စစ်ဆေးကုသပေးလျက်ရှိပြီး၊ ၂၆.၃.၂၀၂၂ ရက်နေ့တွင် (၁၉)ဦး ခွဲစိတ်ကုသပေးပြီးဖြစ်ကြောင်း သိရသည်။ ၂၈.၃.၂၀၂၂ ရက်နေ့တွင် (၁၇၅)ဦး စစ်ဆေးကုသပေးလျက်ရှိပြီး ခွဲစိတ်ရန်ကျန်ရှိသူများကို ၂၉.၃.၂၀၂၂ ရက်နေ့မှစ၍ ဆက်လက်ခွဲစိတ် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။