အမာ နိုဝင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် အသက်(၂)လမှ အသက်(၁)နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီက အမာမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာန၊ ဆေးပေးခန်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အမာမြို့အတွင်းရှိ အသက်(၂)လမှ အသက်(၁)နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ပိုလီယို ရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ မှတ်တမ်းရေးသွင်း၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အမာ (ပြန်/ဆက်)