သတင်းများ

နတ်တလင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနကျောင်းများအား မီးဘေးအန္တရာယ် မဖြစ်ပွားစေရန် ကွင်းဆင်းစစ်ဆေး
Mar 29,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် မကြာမီကာလအတွင်း ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် စာစစ်ဌာနများ သို့ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့သည်။
သိန္နီမြို့တွင် ကတ္တရာလမ်းသစ်ခင်းခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်
Mar 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကတ္တရာလမ်းသစ်ခင်းခြင်းနှင့် ကတ္တရာထပ်ပိုး လွှာခင်းခြင်းကို သိန္နီမြို့နယ် ဓါတ်တော်စေတီ ဆရာတော်ကြီးမှ ဦးဆောင်၍ စည်ပင်သာရေးဌာနနှင့် လမ်းကော်မတီတို့ ပူးပေါင်းပြီး ဓာတ်တော်စေတီသွားလမ်းနှင့် သဗ္ဗေညုစေတီသွားလမ်းတို့တွင် ပေ(၄၆၀၀) ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
မိုင်းရယ်မြိို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစား သင်တန်း ဖွင့်လှစ်ပြီး အားကစားနည်း ၄ မျိုး သင်ကြားပေး
Mar 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက မိုင်းရယ်မြို့၊ နမ့်ရယ်ခမ်းမ၌ ပြုလုပ်သည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ သာပေါင်းမြို့နယ် ပြည်သူ့စစ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ ထောက်ပံ့ပေးအပ်းသော ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများအား ဧရာဝတီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့မှ သာပေါင်းမြို့နယ် ပြည်သူ့ စစ်စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်တို့ကို တွေ့ဆုံထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံး၊ မြဝတီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့တွင် ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး စာစစ်ဌာနများအား ကြည့်ရှုစစ်ဆေး
Mar 29,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၂၀၂၂)ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများ စာမေးပွဲကို အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက်ယမန်နေ့ညနေပိုင်းက မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ စာမေးပွဲကျင်းပမည့် စာစစ်ဌာနကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
သနပ်ပင်မြို့နယ်အတွင်း ကျင်းဟုံခြင်ဆေးခွေများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်
Mar 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများ၊ သနပ်ပင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးသိန်းဆွေ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ မြို့မဈေးအတွင်း/ အပြင်ရှိဈေးဆိုင်များအတွင်း ကျင်းဟုံ ခြင်ဆေးခွေများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကွင်းချောင်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Mar 29,2022
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ မတ်လ ၂၇ ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်က ကွင်းချောင်းကျေးရွာအုပ်စုများရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မအူပင်ခရိုင်၊ Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှ ရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ မအူပင်ခရိုင်၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ဆောင်ရွက်ခဲ့သည်။