စုကလိ နိုဝင်ဘာ ၂
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့တွင် ဒေသအခေါ် မာဆလာသီးများ ယခင်နှစ်စျေးထက် ယခုနှစ်တွင် စျေးကောင်းများ ပိုမိုရရှိသောကြောင့် ပိုမိုအဆင်ပြေလျက်ရှိသည်။
ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၆၀၀၀ အထက်တွင် တည်ရှိသော မုလအိတောင်တန်းပေါ်တွင် ဆောင်းဦးပေါက် ကာလရာသီ၌ သီးလေ့ရှိသော ဒေသအခေါ် မာဆလာသီးများ ပေါများထွက်ရှိသဖြင့် ဒေသနေပြည်သူများမှ ဆွတ်ခူးပြီး အခြောက်ခံ၍ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချကြသည်။
ထိုသို့ရောင်းချရာတွင် မာဆလာသီး တစ်ကီလိုလျှင် ယခင်နှစ်စျေးနှုန်းမှာ ထိုင်းဘတ်ငွေ ၃၀၀ ဘတ်အထိသာ ရရှိပြီး ယခုနှစ်တွင် တစ်ကီလိုရောင်းရငွေမှာ ထိုင်းဘတ်ငွေ ၃၅၀မှ ၄၀၀ ဘတ်အထိ ရရှိသောကြောင့် မိသားစု ဝင်ငွေအဆင်ပြေလျက်ရှိသည်။
မာဆလာသီးများသည် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုရာတွင် ရှားပါးပြီး တန်ဖိုးရှိသော အမယ်တစ်မျိုးဖြစ်ပြီး ထိုင်းနိုင်ငံမှ လူကြိုက်များသောကြောင့် စျေးကောင်းပေးဝယ်ကြကြောင်း သိရသည်။
ပိုပိုအောင်