မန္တလေးမြို့ မဟာမုနိဘုရားကြီး (၃၃)ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

မန္တလေး နိုဝင်ဘာ ၂

မန္တလေးမြို့ မဟာမုနိဘုရားကြီး (၃၃)ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲကို တန်ဆောင်မုန်းလဆန်း(၁၄)ရက်နံနက်(၈) နာရီတွင် ဖွင့်ပွဲအခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

"အုန်းတောကျေးရွာ ယက်ကန်းပညာရှင်များ၊ရေကြည်ပေါက်ကျေးရွာ ယက်ကန်းပညာရှင်များ၊ အင်းလေးဒေသ ယက်ကန်းပညာရှင်များ၊ ကိုးလုံးတကာ စက်ချုပ်ပညာရှင်များ အစရှိတဲ့ပညာရှင်များနဲ့ ညတွင်းချင်းအပြီး ယက်လုပ်ကြမှာဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နံနက် ဘုရားကြီးကို မျက်နှာသစ်တော်ရေကပ်လှူပူဇော်ပြီးတဲ့အချိန် သင်္ကန်းတော်ကို ကပ်လှူပူဇော်မှာဖြစ်ပါတယ်" ဟု ဘုရားကြီးဂေါပကအဖွဲ့ထံက သိရသည်။

မဟာမုနိဘုရားကြီး မသိုးမြတ်သင်္ကန်းရက်လုပ် ပူဇော်ပွဲသို့ပါဝင်ကုသိုလ်ပြုကြသူများအနေဖြင့် မဟာမုနိဘုရားကြီးရင်ပြင်တော်အလှူခံဌာနသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

‌ခရိုင်(ပြန်/ဆက်)