ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် (၃၂)ကြိမ်မြောက် မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း

မောင်တော နိုဝင်ဘာ  ၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် (၃၂)ကြိမ်မြောက် မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်း ယနေ့နံနက် ၉ နာရီအချိန်  အဆိုပါ ကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆရာတော်သံဃာတော်များ၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးမောင်ခင်ဝင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ပြီး အလိုတော်ပြည့် ဆရာတော် ဘုရားထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များက မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး ကျောင်းအုပ်ဆရာကြီး ဦးမောင်ခင်ဝင်းနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ၊ ဧည့်ပရိတ်သတ်များက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား   ကထိန်မ သင်္ကန်း ၊ နဝကမ္မနှင့် လှူဖွယ်ဝတ္တူ ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက်  အလိုတော်ပြည့် ဆရာတော် ဘုရားထံမှ အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို ဘုရားဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းကြပြီး ဆရာတော် ၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)