အုတ်တွင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 29,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမင်းအောင်နှင့် တောင်ငူခရိုင် အမှတ်(၁၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုတိယရဲမှူးစန်းယုနိုင်တို့ ပူးပေါင်း၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေးသွား လမ်းနှင့် အုတ်တွင်း-ပြည်သွားလမ်း ဆုံနေရာတွင် ပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးအတွက် ရည်ရွယ်၍ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။