ဒဂုံတောင် နိုဝင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပညာရေးစစ်ကျောင်းမှ အဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးရေးမှူး (တာဝန်ခံ) ဒေါ်ဥမ္မာကြည်နှင့် ကျန်းမာရေးစစ်ကျောင်းမှ အဖွဲ့ခေါင်းဆောင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြတ်သူဝင်းတို့ ဦးဆောင်သော ကျန်းမာရေးစစ်ကျောင်းနှင့် ပညာရေးစစ်ကျောင်းတို့ ပူးပေါင်းကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီမှ စတင်ကာ ပညာရေးစစ်ကျောင်းနှင့် ကျန်းမာရေးစစ်ကျောင်းတို့ပူးပေါင်းကာ ကျောင်းပတ်ဝန်းကျင် စစ်ဆေးခြင်း၊ ကျောင်းမုန့်စျေးတန်းများ စစ်ဆေးခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့်ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ကြပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးခေါင်းဆောင် ဒေါက်တာဝေဟင်ဦးဆောင်ကာ သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အခြားကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများကို (၁၉) ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ပေးကြကြောင်း သိရသည်။
အဆိုပါ ပညာရေးနှင့် ကျန်းမာရေးစစ်ကြောင်း ပူးပေါင်းအဖွဲ့သည် စာသင်ကျောင်းအခြေပြု ကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သတင်းရသည်။
မြို့နယ်(ပြန်/ဆက်)