တကောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

တကောင်း နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ တကောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီက ပြည်သူ့ဆေးရုံရှိ ဆေးထိုးစုရပ်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပြင်းထန်အဆုတ်ရောင်ရောဂါ (ပီစီဗီ)ရောဂါကာကွယ်ဆေးမှ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်) ကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့် ထိုးဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်- ဂျိုက်သိုး အစရှိသည့် ငါးမျိုးစပ် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို အလှည့်ကျစနစ်ဖြင့် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

တကောင်းမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို  လစဉ် လဆန်း(၂)ရက်နေ့နှင့် (၃)ရက်နေ့တို့တွင် သတ်မှတ်ဆေးထိုးစုရပ်များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သီရိ