(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြို အထိမ်းအမှတ် နံရံကပ်ဓာတ်ပုံပြပွဲ ပြုလုပ်

ကော့သောင်း  နိုဝင်ဘာ ၂

 (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  အကြိုအထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက နံရံကပ်စာစောင် ဓာတ်ပုံပြပွဲပြုလုပ်ကျင်းပခဲ့သည်။

နံရံကပ်ဓာတ်ပုံပြပွဲတွင် အထက(ခွဲ)အလကက(၁)အဏ္ဏဝါကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား မြန်မာနိုင်ငံ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် သိကောင်းစရာ များ၊ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး၊ နိုင်ငံတော်နှင့် အမျိုးဂုဏ် ဇာတိဂုဏ်ကိုထိန်းသိမ်းကာကွယ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်၏အရေးပါမှု  စသည့် ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာများ၊ ခရိုင်ရုံး၏ ပြတိုက်ငယ်အတွင်း ဒေသခံတိုင်းရင်းသားမျိုးနွယ်စု ဆလုံလူမျိုးများ၏ရိုးရာဓလေ့ဆိုင်ရာဓာတ်ပုံများ၊ ကဏ္ဍစုံမှ အသိပညာပေးစိတ်ဝင် စားဖွယ်ရာ မှတ်တမ်းဓာတ်ပုံနှင့် နံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများအား ခင်းကျင်းပြသပေးရာ ကျောင်းသားကျောင်းသူများစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း )