ပခုက္ကူ နိုဝင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား ယနေ့နံနက် ၈ နာရီအချိန်က အခြေခံစားသောက်ကုန်ပစ္စည်း (၄)မျိုး ထောက်ပံ့ပေးအပ်ကြသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာများက ပခုက္ကူမြို့၊ မြို့ပေါ်ရပ်ကွက်များမှ စားသောက်ရေးအခက်အခဲဖြစ်ပေါ်နေသည့် အခြေခံလူတန်းစားအိမ်ထောင်စု(၅၀၀)တို့အတွက် အိမ်ထောင်စု (၁) စုလျှင် ဆန်တစ်ပြည်၊ ဆီ ၃၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ကုလားပဲ ၃၀ ကျပ်သားတို့ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လိုက်လံထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)