တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Mar 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Covid Shield) Phase 8 First dose နှင့် Booster ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှစ၍ အမှတ်(၆)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမှတ်(၁၀)ရပ်ကွက်၊ ဟေမဝန် ဓမ္မာရုံနှင့် အမှတ်(၅)ရပ်ကွက်၊ မင်္ဂလာသိဒ္ဓိဘုန်းတော်ကြီး ကျောင်းတို့၌ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးကြောင်းသိရသည်။