ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ပျော်ဘွယ် နိုဝင်ဘာ ၂

ပျော်ဘွယ်မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ စာပေလာရောက်ဖတ်ရှုနေသော စာပေဝါသနာရှင်ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာရေးဆရာ ဒေါက်တာခင်စန်းမော် ရေးသားသည့် ပညာရှင် စိတ်ထားဆိုသည့်စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို နိုဝင်ဘာလ(၂)ရက်၊ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများက စာရေးသူဒေါက်တာခင်စန်းမော် ရေးသားသည့် ပညာရှင်စိတ်ထား စာအုပ်ပါအကြောင်းအရာများကိုဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးကြသည်။

စာပေဝါသနာရှင်ကျောင်းသားများနှင့် ကျောင်းသူများက ယခုစာအုပ်တွင် မိမိဝါသနာနှင့် ကိုက်ညီသည့် ပညာရပ်ဆိုင်ရာများကိုလေ့လာဆည်းပူးမှသာလျှင် အောင်မြင်တိုးတက်မှုအခြေအနေများကို တွေ့မြင်ရပါကြောင်း၊ မိဘနှင့်သားသမီးအကြား အပြန်အလှန်နားလည်နိုင်မှုများကိုလည်း တွေ့မြင် ရပါကြောင်း၊ ပညာတတ်ပြီးနောက်တွင်လည်း ပညာရှင်တစ်ဦးအနေဖြင့်ထားရှိရမည့် စိတ်ဓာတ် ကောင်းများ၊ အမြဲဆည်းပူးလေ့လာနေရမည့် အကြောင်းအရာများကို တွေ့မြင်ဖတ်ရှုရသည့်အတွက် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါကြောင်းတို့ကို အပြန် အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်

မင်းမင်းထွေး(ပျော်ဘွယ်)