သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့၌ တိရိစ္ဆာန်ကူးစက်ရောဂါ ကင်းရှင်းမှုစူးစမ်းထောက်လှမ်းခြင်း လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Mar 30,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ တိရိစ္ဆာန်ကူးစက် ရောဂါကင်းရှင်းမှု စူးစမ်းထောက် လှမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
လက်ပံတန်းမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးညှိနှိုင်း အစည်းအဝေးပြုလုပ်
Mar 30,2022
ပဲခူးတိုင်း​ဒေသကြီး၊ သာယာဝတီခရိုင်၊  လက်ပံတန်းမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်  ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကျေးရွာစာကြည့်တိုက်များ အတွက် စာအုပ်စာစောင်များလှူဒါန်း
Mar 30,2022
ဧရာ၀တီတိုင်းဒေသကြီးအတွင်း၌ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေကိုမြတ်နိုးတန်ဖိုးထားသော စာဖတ်ပရိသတ်များ ပိုမိုတိုးပွားလာစေရန်အတွက် တိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့က ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက် ၄ တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင် ၁၀၀ အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ယနေ့ နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့ သည်။
ပိုင်ကျုံမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်
Mar 30,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က ပိုင်ကျုံမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ရှိသူတို့က သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများထံ  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇ​​​ပြောင်း အိုမီခရွန် ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်
Mar 30,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့တွင် မြို့ပေါ်ရှိရပ်ကွက်များအတွင်းလိုက်လံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Mar 30,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြင်းခြံမြို့ပေါ် ရပ်ကွက်များသို့ ယနေ့နေ့လည် ၁ နာရီ အချိန်တွင် အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာနှင့် စစ်ပင်ကြီးကျေးရွာများရှိ School Cum Shelter အခြေအနေများအား ကြည့်ရှုစစ်ဆေး
Mar 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီ ကျေးရွာ School Cum Shelter အခြေအနေအား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်၊ စစ်ပင်ကြီး ကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာ School Cum Shelter အခြေအနေအား မွန်းလွဲ ၃ နာရီခွဲအချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။