ကွတ်ခိုင်မြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ

ကွတ်ခိုင် နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆(အထစ)နှင့်ပတ်သက်၍ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရန်အတွက် အသိပညာပေးလုပ်ငန်းဖြစ်သည့် မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။

အဆိုပါ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို  ကွတ်ခိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးဇော်မိုးအောင်နှင့်ဝန်ထမ်းများက မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို လူစည်ကားရာ မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်နေရာများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)