မိုင်းပျဉ်းမြို့ အထကကျောင်း၏ ၂၀၂၂−၂၀၂၃ ပညာသင်နှစ် ဘုံကထိန်လှည့်လည်ပွဲ ကျင်းပ

မိုင်းပျဉ်း နိုဝင်ဘာလ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂−၂၀၂၃ ပညာသင်နှစ် စုပေါင်းဘုံက ထိန်လှည့်လည်ပွဲကို ယနေ့နံနက် ၇ နာရီက၊ မိုင်းပျဉ်းမြို့တွင်း စီတန်းလှည့်လည် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂−၂၀၂၃ ပညာသင်နှစ် စုပေါင်းဘုံကထိန် စီတန်းလှည့်လည်ခြင်းကို ကျောင်းအုပ်ဆရာမကြီး၏ ဦးဆောင်မှုဖြင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ ပဒေသာပင်များ အတန်းအလိုက် စုပေါင်း၍ လည်းကောင်း၊ မိုင်းပျဉ်းမြို့ ပရဟိတအဖွဲ့မှ ဆင်အကဖြင့်လည်းကောင်း၊ ရှမ်းကိန္နရီ၊ ကိန္နရာမောင်မယ်နှင့် တိုးနယားအကအဖွဲတို့ဖြင့်လည်းကောင်း မိုင်းပျဉ်းမြို့အတွင်း  ပြည်ထောင်စုလမ်းကြီးနှင့် မြို့ပတ်လမ်းတလျှောက် စည်ကားသိုက်မြိုက်စွာ လှည့်လည်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ယင်းကဲ့သို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂−၂၀၂၃ ပညာသင်နှစ် စုပေါင်းဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကို ၄−၁၁−၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် အထက−ဇီဝကခန်းမ၌ ရေစက်ချ ကုသိုလ်အမျှ ရယူကြမည်ဖြစ်ကြောင်း ပညာရေးဌာနမှ သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)