သတင်းများ

ဝါးခယ်မမြို့၌ ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်းအိုမီခရွန် (Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)နှင့် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဝါးခယ်မမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်များ၊‌ လူစည်ကားရာ‌‌နေရာများ၊‌ ဈေးများအတွင်း ယနေ့နံနက် (၁၀)နာရီအချိန်က လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရန်အတွက် ကွင်းဆင်း ဆောင်ရွက်
Mar 29,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာ၀န် ရှိသူများ၊ ဌာနဆိုင်ရာများပူးပေါင်း၍
ကျောက်ဆည်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၁၉၁၇)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 29,2022
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ်၌ ၂၀၂၂  ခုနှစ်  မတ်လ(၃၁)ရက်နေ့တွင်  စတင်ကျင်းပမည့်  တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်  ကျောင်းသား/ကျောင်းသူ (၁၉၁၇) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အောင်လံမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 29,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေခန်းမတွင် ပြုလုပ်ခဲ့ သည်။
မိုင်းပျဉ်းမြို့တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများအား စာမေးပွဲဖြေဆိုဝင်ခွင့်ကတ်ထုတ်ပေး
Mar 29,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဝင်ခွင့်ကတ်များကို မြို့နယ်ပညာရေးမှူးရုံးတွင် ၂၄−၃−၂၀၂၂ရက်မှ ၃၀−၃−၂၀၂၂ရက်နေ့ထိ နေ့စဉ်နံနက်(၉:၃၀)မှ ညနေ(၄)နာရီထိ ထုတ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
ပြည်မြို့၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအား အခြေခံဘောလုံး အားကစားသင်တန်း ဖွင့်လှစ် သင်ကြားပေး
Mar 29,2022
ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့ ၊ မြို့နယ်အားကစားကွင်း၌ အခြေခံပညာကျောင်းသား၊ ကျောင်းသူးများအား မတ်လ ၂၄ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ နွေရာသီအခြေခံဘောလုံး အားကစားသင်တန်း ဖွင့်လှစ်ပို့ချ ပေးလျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်
Mar 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် လွမ်းခြုံနိုင်စေရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလှူရှင်များမှ ဆောက်လုပ်လှူဒါန်းသည့် ထေရဝါဒဗုဒ္ဓ သာသနာပြုကျောင်း ကျောင်းဆောင်သစ် ရေစက်ချပွဲကျင်းပ
Mar 29,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၊ ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ ထေရဝါဒဗုဒ္ဓ သာသနာပြုကျောင်း ကျောင်းဆောင်သစ် ရေစက်ချပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပကြောင်း သိရသည်။