နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာဓမ္မရိပ်သာတွင် ထေရဝါသ ကျောင်းဆောင်တော် ဆောက်လုပ်ရန် အလှူငွေ ကျပ်သိန်း ၁၂၀ လှူဒါန်း
Mar 30,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ အကယ်ဒမီ ဝိပဿနာဓမ္မရိပ်သာတွင် ထေရဝါသ ကျောင်းဆောင်တော် ဆောက်လုပ်ရန်အလှူငွေ ကျပ်သိန်း ၁၂၀ကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်းသိရသည်။ လှူဒါန်းရာတွင် နောင်ချိုမြို့ ငွေရည်ပုလဲ ကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ ဦးထွန်းမြင့်+ဒေါ်နန်းလှငွေ သား ကိုအောင်စိုးမိုး+ မစံသက်သက်ဝေ ၊သမီး မလီလီဟန်မြေး မနန်းအိမ့်နဒီအောင် မိသားစုတို့မှ အလှုတော်ငွေ ကျပ်သိန်း ၁၂၀ ကို လှူဒါန်းပေးခဲ့ရာ သဖန်းကိုင်းပရဟိတ ဆရာတော်မှ လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။