ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မိဘပြည်သူသို့ အသိပေးထုတ်ပြန်ချက်(Talk show)ပြုလုပ်

ကွတ်ခိုင် နိုဝင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အများပြည်သူများသို့အသိပေးထုတ်ပြန်ချက်(Talk Show)အား မန်နေ့ညနေ()နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်းမှာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်အကြောင်းသိရှိစေရန် Online မှတစ်ဆင့် ပြန်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ ကွတ်ခိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာမှ မြို့နယ်ဦးစီးမှုး ဦးဇော်မိုးအောင်က မိဘပြည်သူများအနေဖြင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင်လည်းကောင်း၊ အသက်(၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင်လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(ပျောက်ဆုံး/ပျက်စီး) မိတ္တူလျှောက်ထားလျှင်လည်းကောင်း စသည်တို့ပြုလုပ်ရာတွင် လိုအပ်သည့် စာရွက်စာတမ်းများနှင့် မိဘပြည်သူများတွင် မှတ်ပုံတင်နှစ်ခုနှင့် အိမ်ထောင်စုစာရင်းနှစ်ခုဖြစ်နေပါက မြို့နယ်(..က)ရုံးသို့ (၁၅-၁၁-၂၀၂၂)တွင် နောက်ဆုံးထား၍လာရောက်အပ်နှံပေးကြရန်နှင့် (၁၅-၁၁-၂၀၂၂)နောက်ပိုင်း လာရောက်အပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ပေးထားသည့် နေရပ်လိပ်စာနှင့် အိမ်ထောင်စုစာရင်းများကိုသာ အတည်ပြုသွားမည်ဖြစ်ကြောင်း အသိ‌‌ပေးပြောကြားသွားပါသည်။

ဤကဲ့သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်ပတ်သက်သည့် (Talk Show)ကို ရိုက်ကူးထားသည့် အစီအစဉ်အား We love Kutkai page နှင့် ကွတ်ခိုင်မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook page တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ချစ်မျိုးဦး(ကွတ်ခိုင်)