သတင်းများ

နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Apr 18,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ် မိခင်ကလေးကျန်းမာရေးဌာန၊ သုခချမ်းသာကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုအထောက်အကူပြု အသင်းနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် နည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၂/၂၀၂၂၂) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 18,2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် နည်းပြ မွမ်းမံသင်တန်းအမှတ်စဉ်(၂/၂၀၂၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသားအကျဉ်းသူ ၁၂ ဦး ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပေး
Apr 18,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား ၁၂ ဦး အား   ယမန်နေ့က စနစ်တကျ လွှတ် ပေးခဲ့ကြောင်းသိရသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပပြုလုပ်
Apr 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်၊ ကျေးရွာများတွင် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ သက်ကြီးဘိုးဘွားများအား ကန်တော့ခြင်း၊ စတုဒီသာကျွေးမွေး လှူဒါန်းခြင်းနှင့် ဘုရားစေတီပုထိုးများအား ရေသပ္ပါယ်ခြင်းတို့ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယမန်နေ့က အစဉ်အလာမပျက် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ ရေလှူဒါန်း
Apr 18,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ဆည်းခံတဲတိုက်၊ သပြေကန်တဲတိုက်၊ ကန်နီကြီးတဲတိုက်နှင့် ထီးပုကျေးရွာသို့ ယမန်နေ့ နံနက် ၉ နာရီအချိန်က သောက်သုံးရေဂါလံ ၄၈၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာ သောက်ရေ အလှူတော်အသင်း အကျိုးဆောင် ဦးဝင်းမင်းထွန်းထံက သိရသည်။
ကဝမြို့နယ်ရုံး၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းဆောင်ရွက်
Apr 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံးတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နေ့လယ်(၁၂:၀၀)နာရီက ဆောင်ရွက်ခဲ့သည်။
ပြစ်ဒဏ်လွှတ်ငြိမ်းသက်သာခွင့်ဖြင့် မြိတ်အကျဉ်းထောင်၊ ကျောက်ဖြူတောင်ကုန်ထုတ်စခန်းနှင့် နတ်စင်ကုန်းကုန်ထုတ်စခန်းခွဲတို့မှ အကျဉ်းသား/သူ စုစုပေါင်း(၅၆)ဦး လွှတ်ပေး
Apr 18,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မြန်မာနှစ်သစ် မင်္ဂလာအခါ သမယအထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွှတ်ငြိမ်းသက်သာခွင့်ဖြင့် မြိတ်အကျဉ်းထောင်၊ ကျောက်ဖြူ တောင် ကုန်ထုတ်စခန်းနှင့် နတ်စင်ကုန်း ကုန်ထုတ်စခန်းခွဲတို့မှ အကျဉ်းသား/သူ(၅၆)ဦးအား လွတ်ပေးခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းနှင့် အသက်(၉၅)နှစ်နှင့် အထက် ဘိုးဘွားများအား သွားရောက် လှူဒါန်း
Apr 18,2022
ရန်ကင်းတိုင်းဒေသကြီး၊ ရနကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် နံနက် ၈နာရီမှ ၁၀ နာရီအထိ ရန်ကင်းမြို့နယ် အမှတ်(၁၄)ရပ်ကွက်ရှိ မိုးကောင်းဆုတောင်းပြည့် စေတီတော်မြတ်ကြီးမှစတင်ကာ ရန်ကင်း တစ်မြို့နယ်လုံး လှည့်လည်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များကို မြို့နယ်သံဃာ့နာယက ဆရာတော် ကြီးများက ရွတ်ဖတ် သရဇ္စျယ်ခြင်း၊ ပရိတ်ရေပက် ဖျန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။