သတင်းများ

ပေါင်းတည်မြို့နယ်တွင် နွေရာသီ အားကစားသင်တန်းများ အခမဲ့ဖွင့်လှစ် သင်ကြားပေး
Mar 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ နွေရာသီ အားကစားသင်တန်းများကို မြို့နယ်အားကစားခန်းမနှင့် ဘောလုံးကွင်းတို့၌ မတ် ၂၄ ရက်မှ ဧပြီ ၆ ရက်နေ့အထိ အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ပူတာအိုမြို့၌ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(၁/၂၀၂၂)ဆင်းပွဲအခမ်းအနားကျင်းပ
Mar 30,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လပတ် ပြည်နယ်မီနီဘတ်ဂျက် ခွင့်ပြုရန်ပုံငွေဖြင့် ဒေသခံ ပြည်သူများ ကိုယ်ပိုင် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်စေခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို မတ်(၂၉)ရက် မွန်းလွဲ (၂)နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်ရှိ ဧမာနွေလအေဂျီ ဘုရားကျောင်းဝင်း ဆန်းဒေးစကူးလ်ခန်းမ၌ ကျင်းပ သည်။
ရေဖြူ၌ ဝဥစိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ
Mar 30,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဝဥစိုက်ပျိုးခြင်းဖြင့်  မိသားစုအပို ဝင်ငွေရရှိသဖြင့် ဝဥကို ကျေးရွာအသီးသီးရှိဥယျာဉ်ခြံမြေများတွင် အများဆုံးစိုက်ပျိုးကြသည်။
ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်း ရှိ/မရှိ စစ်ဆေး
Mar 30,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာ ကွယ်‌ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်၍  တာဝန်ရှိသူများက  အောင်သပြေဂိတ်၊ လုံးတန်ဂိတ်နှင့် အလင်းပွင့်ဓာတ်ဆီဆိုင်‌ရှေ့တို့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မိုင်းဆတ်မြို့၌ မီးဘေးလုံခြုံရေးအသိပညာပေး မီးငြှိမ်းသတ် သရုပ်ပြသခြင်း ဆောင်ရွက်
Mar 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအသိပညာပေး မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက မြို့မစျေးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောက်တန်းမြို့နယ် မှော်ဝန်းချောင်းတံတားသစ်စီမံကိန်း ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပြည်သူ့သဘောထားရယူခြင်း အခမ်းအနား ကျင်းပ
Mar 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် လမ်းဦးစီးဌာနမှ ကြီးမှူး ကျင်းပသော မှော်ဝန်းချောင်းတံတားသစ် စီမံကိန်းဆိုင်ရာရှင်းလင်းပွဲကို (ယမန်နေ့)မတ်လ ၂၈ ရက် မွန်းတည့် ၁၂နာရီက လမ်းဦးစီးဌာနရုံးခန်းမတွင် ကျင်းပသည်။
ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် ကြံသီးနှံဧက နှစ်သောင်းကျော် စိုက်ပျိုးထားရှိ
Mar 30,2022
မြန်မာနိုင်ငံတွင် ကြံသီးနှံစိုက်ပျိုးရေးကို အဓိကထားစိုက်ပျိုးသည့် တိုင်းဒေသကြီးများတွင် ပဲခူးတိုင်းဒေသကြီးသည်လည်း ကြံ အများဆုံးထုတ်လုပ်နိုင်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်သည်။ထို့အတူ ပေါက်ခေါင်းမြို့နယ်သည်လည်း နှစ်စဉ်ကြံသီးနှံဧက နှစ်သောင်းကျော် စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ယခု ၂၀၂၂ ခုနှစ်တွင်လည်း ကြံသီးနှံ (၂၀၄၄၅) ဧကကို စိုက်ပျိုးပြီးစီး ပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မိုးညှင်းမြို့၌ တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 30,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် သတင်းမီဒီယာ သင်တန်းကျောင်း ပရဟိတအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက နန့်ပုတ်ကျေးရွာရှိ သတင်း မီဒီယာသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။