သတင်းများ

မော်လမြိုင်မြို့၌ မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေး
Mar 30,2022
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရေးအတွက် မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ကော့ကွန် ကျေးရွာနှင့် စဉ့်အိုးဖိုကျေးရွာမြစိမ်းရောင်ကြီးကြပ်မှု ကော်မတီများအား ထုတ်ချေးပေးခဲ့သော မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရံပုံငွေ၊ အဋ္ဌမအကြိမ် ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို မတ်လ ၂၉ ရက်၊ နံနက် ၁၁ နာရီ အချိန်တွင် ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ဘီပိုး စီပိုး (အခမဲ့) စစ်ဆေးပေး
Mar 30,2022
ကျိုက်ထိုမြို့နယ်တွင် မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် အသည်းရောင် အသားဝါ ဘီပိုး၊စီပိုး အခမဲ့စ စ်ဆေးခြင်း ကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ဆေးရုံနှင့်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဆီမီးကိုးထောင် ဓမ္မာရုံတို့၌ စစ်ဆေး ဆောင်ရွက်ခဲ့သည်။
သံဖြူဇရပ်နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
Mar 30,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ၂၀၂၂ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲကို(၃၁-၃-၂၀၂၂)ရက်နေ့မှ (၉-၄-၂၀၂၂)ရက်နေ့အထိ တက္ကသိုလ်၀င်စာမေးပွဲကို ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၁၁၁၆)ဦးကို စာစစ်ဌာန(၅)ခုဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာမေးပွဲများကို အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် လုံခြုံရေးလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ရေးချုပ် ဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပြည်သူများ အစဉ်အလာမပျက် အေးချမ်းပျော်ရွင်စွာ ဆင်နွှဲနိုင်ရေး ဆွေးနွေး
Mar 30,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ပြည်သူများ အစဉ်အလာမပျက် အေးချမ်းပျော်ရွင်စွာ ဆင်နွဲနိုင်ရေးအတွက် မတ်လ(၃၀)ရက် နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး ဆွေးနွေးခဲ့ကြသည်။
မေတ္တာမြို့တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 30,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင် စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Mar 30,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့၊ မွန်းလွဲ(၁) နာရီက မြို့နယ်ပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
လှိုင်းဘွဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၆)ခုတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်
Mar 30,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ မီးဘေး အန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး၊ နယ်မြေမီးသတ်စခန်းများမှ တာဝန်ခံဦးစီးမှူးများက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မုံရွာခရိုင် စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ နေကြာ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး (TOT) အသိပညာပေး သင်တန်းဖွင့်လှစ်
Mar 30,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် စိုက်ပျိုးရေး ဦးစီးဌာနရုံးရှိ အောင်သလ္လာခန်းမတွင် တိုင်းဒေသကြီးအတွင်း စားသုံးဆီ ဖူလုံစွာရှိရေးအတွက် ရည်ရွယ်ပြီး နေကြာစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး (TOT) အသိပညာပေး သင်တန်းကို ယနေ့ နံနက်(၉)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။