သတင်းများ

နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား သတ္တမအသုတ်ပထမအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Mar 30,2022
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ်မိခင် ကလေးကျန်းမာရေးဌာန၊ သုခချမ်းသာကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုအထောက်အကူပြု အသင်းနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 
ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ဓာတ်အားလိုင်းပေါ်နှင့်ကျောင်းအုတ်တံတိုင်း ပေါ်လဲကျနေသည့် သက်တမ်းရင့်မန်ကျည်းပင်အားရှင်းလင်း
Mar 30,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၅)၊ရှမ်းကုန်းရပ်၊ခြင်္သေ့လှဘုန်း တော်ကြီး ကျောင်းဝင်းအတွင်း ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က နှစ်ချို့မန် ကျည်းပင်မြေသားခိုင်မာမှု မရှိလဲကျခဲ့ခြင်းကြောင့် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် မီးသတ်ဝန်ထမ်းများ ရှင်းလင်းခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများတွင် ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး
Mar 30,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများတွင် ပြင်ဆင်ထားရှိမှုအား  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ယနေ့ နံနက် ၉ နာရီအချိန် စာစစ်ဌာနများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
သဘာ၀ဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အ၀န်း ဖြစ်ပေါ်စေရေးအတွက် မော်လမြိုင်မြို့၌ မြေစိုက်ဘုတ်များ စိုက်ထူ
Mar 30,2022
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှဦးဆောင်၍ ရာသီ အလိုက် ဖြစ်ပွားတတ်သည့် သဘာ၀ဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတ များရရှိစေရန်ရည်ရွယ်ပြီး ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခြင်း ကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇ ပြောင်းမျိုးကွဲ”အိုမီခရွန်”ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
Mar 30,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ “အိုမီခရွန်” ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် အသိပညာ ပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ပခုက္ကူခရိုင် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Mar 30,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ဝန်ထမ်း များစုပေါင်း၍ ခရိုင်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေထားသည့် "အမှန်နဲ့အမှား၊ ဓမ္မနဲ့အဓမ္မ ပြည်သူတွေ ကွဲပြားကြဖို့လိုပါပြီနှင့် အခြား‌ဆောင်းပါးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
မြောက်ဦးမြို့ကို အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 30,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများမှ အပါတ်စဉ် စနေနေ့တိုင်း လူထုသန့်ရှင်းရေးပြန်လုပ်ရန်ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကသာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းဖွင့်လှစ်
Mar 30,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အလယ်တန်း/အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို ယနေ့နံနက်ပိုင်းကစတင်၍ အခမဲ့သင်တန်း စတင်ဖွင့်လှစ်ခဲ့သည်။