သတင်းများ

တာချီလိတ်မြို့၌ အမှုတရားခံများအား စွမ်းစွမ်းတမံဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု
Mar 31,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း ဖြစ်ပွားခဲ့သော အမှုများတွင် တရားခံများအား စွမ်းစွမ်းတမံဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား ခရိုင်ရဲတပ်ဖွဲ့မှူးက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်းနှင့် ပြည်သူများက ဂုဏ်ပြုဆုငွေများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပ
Mar 31,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၂ခုနှစ် မြို့နယ် စီမံအုပ်ချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်၁၀နာရီအချိန်က မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်ရေးကို မြို့နယ် အထွထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ပတ္တမြားခန်းမဆောင်တွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ငါ့သရောက်မြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ (မြန်မာစာ) စတင်ဖြေဆို
Mar 31,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ (မြန်မာစာ) ဘာသာကို ငါ့သရောက်မြို့(အ.ထ.က)ကျောင်း တွင် ယနေ့ နံနက် ၉ နာရီ အချိန်ကစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို
Mar 31,2022
မိတ္ထီလာမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က သက်ဆိုင်ရာ စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်းသိရသည်။
မြိတ်မြို့နယ်တွင် ကျောင်းသား/သူများ ​​​​​​​တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စတင်ဖြေဆို
Mar 31,2022
(၂၀၂၂)ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်း စာစစ်ဌာနများတွင် မတ်လ(၃၁)ရက် နံနက်(၉)နာရီက စတင်ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၄)ကျောင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား/သူများက စိတ်အေးချမ်းစွာ လာရောက် ဖြေဆိုလျက်ရှိကြသည်။
မြဝတီမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 31,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး ကွပ်ကဲမှု အောက်ရှိ မြဝတီမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ သင်တန်းကျောင်းရှိ သင်တန်းခမ်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ ၈၇၃ ဦး ၀င်ရောက်ဖြေဆို
Mar 31,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ(၉)ရက်နေ့ အထိ ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့ နယ်တွင် စာဖြေဌာန (၃)ခု၌ အပြင်ဖြေ၊ ကျောင်းတွင်းဖြေ ကျောင်းသားကျောင်းသူ ၉၄၃ ဦး စာရင်းရှိပြီး ဝင်ရောက်ဖြေဆိုသူ (၈၇၃)ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံး က သိရသည်။
ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို
Mar 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း​ကျောင်းသား၊​  ကျောင်းသူများ  တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ နံနက်(၉)နာရီအချိန်မှ စ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ​အေးချမ်း​ပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။