သရက် နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများရှိ ဝန်ထမ်းမိသားစုနှင့် မြို့မိမြို့ဖအလှူရှင်များ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပခြင်းကို ယနေ့နံနက် (၈)နာရီက ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မာန်တော်တွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး မြခဲတောင်ဆရာတော်ထံမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊ မြို့မိ မြို့ဖများမှ(၅)ပါးသီလ ခံယူဆောက်တည်ကာ ကထိန်လျာဉာတ်သင်္ကန်းကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အမှတ်-၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံမှူးတို့က ဆက်ကပ်လှူဒါန်းပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ပင့်သံဃာအပါး(၂၀) တို့အား တစ်ပါးလျှင် သင်္ကန်းတစ်စုံနှင့် ဝတ္ထုငွေ(၅)သောင်းလှူဒါန်းပြီး မြို့နယ်သံဃနာယကအဖွဲ့အတွက် အထွေထွေအသုံးစရိတ် အဖြစ်ကျပ်(၂၅)သိန်း ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ကထိန်အာနိသင်ရရှိသည့် သာဦးကျောင်းထိုင်ဆရာတော်အား ဘုံကထိန်အလှူငွေ ကျပ်သိန်း(၃၀)အား ဆက်ကပ်လှူဒါန်းခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ကာ ကြွရောက်လာသည့် ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားသရစ္ဇျယ် ချီးမြှင့်ပေးခဲ့ကြသည်။ ဆက်လက်၍ မြခဲတောင်ဆရာတော် သီလဝံသထံမှ မဟာဘုံကထိန်အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် (၁၁၃)သိန်း(၉)သောင်း(၃)ထောင်အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)