သတင်းများ

ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု မွေးမြူရေးဇုန်အဝင်လမ်း(သောဘုံလမ်း)ကျောက်ချောလမ်းသစ်ဖွင့်လှစ်
Apr 03,2022
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဘားအံမြို့နယ်၊ ကော့ထော် ကျေးရွာအုပ်စု မွေးမြူရေးဇုန်အဝင်လမ်း(သောဘုံလမ်း)ကျောက်ချောလမ်းသစ်ဖွင့်ပွဲကို ဧပြီလ ၃ ရက်နေ့ နံနက် ၈ နာရီခန့်က အဆိုပါလမ်းမုခ်ဦး၌ ကျင်းပသည်။
ဂွမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Apr 03,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးစနစ်တကျ သုံးစွဲရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နေ့လယ်ပိုင်းက မြို့နယ်မီးသတ် ဦးစီးဌာနမှ မြို့ပေါ် ရပ်ကွက်များတွင် လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်တွင် ဧပြီလအတွင်း ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးရေးအတွက်  Mobile Team ဖြင့် ကာကွယ်ဆေးများ လိုက်လံထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်
Apr 03,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေး ဆေးထိုးရန် အကျုံးဝင်သူအားလုံးအား ၂၀၂၂-ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့ နောက်ဆုံးထားပြီးရာနှုန်းပြည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံပြီးစီးရေး ဆောင်ရွက်သွားနိုင်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဇာနည်ကျော်၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဧပြီလ(၅)ရက်နေ့မှ ဧပြီလ(၂၈)ရက်နေ့အထိ  Mobile Team ဖြင့်  ကျေးရွာများသို့ ကွင်းဆင်းကာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို လိုက်လံထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးသူ စုစုပေါင်း ၁၅၂၃၀၉ ဦးအထိရှိပြီး ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး အလေးထားလုပ်ဆောင်လျက်ရှိ
Apr 03,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများကို၊ ပုံမှန်ဆေးထိုးစုရပ်ဖွင့်လှစ်၍လည်းကောင်း၊ Mobile အဖွဲ့များဖြင့် ကွင်းဆင်းထိုးနှံ၍လည်းကောင်း ဆောင်ရွက်လျက်ရှိရာ၊ ဧပြီ(၂)ရက်နေ့ အထိ ပထမအကြိမ်ဆေးထိုးနှံပြီး စီးသူ (၁၅၂၃၀၉)ဦး ရှိပြီး၊ ရာခိုင်နှုန်းအားဖြင့်(၇၁.၇၄)ရာခိုင်နှုန်းရှိ ကြောင်းမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ညောင်ဦးခရိုင်အတွင်းရှိ ဆောင်းကြက်သွန်နီ စိုက်ပျိးတောင်သူများ စတင်နုတ်သိမ်း တစ်ပိသာ ၆၀၀ ကျပ်ရရှိခြင်းကြောင့် ကြက်သွန်စိုက်တောင်သူများ တွက်ခြေကိုက်နေ
Apr 03,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ဆောင်းကြက်သွန်နီ စိုက်ပျိုးသည့် ကျေးရွာ ဖြစ်သော ညောင်ဦးမြို့နယ် ကြအိုကျေးရွာ၊ လက်ထုပ်ကျေးရွာ၊ တောင်ဖက်တန်း ကျေးရွာ၊ သဖန်းကုန်းကျေးရွာ၊ သစ်ထောင့်ကျွန်းကျေးရွာ၊ အထက်ညဉ့်ကျေးရွာ၊ အောက်ညဉ့်ကျေးရွာများနှင့် ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ချောင်းနှင့် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် ကျေးရွာများ ဆောင်ကြက်သွန်များ စတင်နုတ်သိမ်း နေပြီဖြစ်ကာ ကြက်သွန် တစ်ပိသာ ၆၀၀ ကျပ် ဈေးသာရှိနေပြီး ဆောင်ကြက်သွန် နုတ်သိမ်းချိန် အလုပ်သမားခ ဈေးကြီးကာ လုပ်သားရှားပါးမှုများလည်း ကြုံတွေ့နေရကြောင်း မုန့်ကုန်းကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးတင်ထွန်းအောင်ထံက သိရသည်။
ရှမ်းရွာသစ်မြို့တွင် အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးဆက်လက်ထိုးနှံပေး
Apr 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ် နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ အသက်(၁၈)နှစ်ထက် ဒေသနေ ပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် တစ်ကြိမ် တစ်ခါမျှမထိုးရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့မွန်း လွဲ(၂)နာရီအချိန်တွင်  ရှမ်းရွာသစ်မြို့ တိုက်နယ် ဆေးရုံ၌ ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Apr 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း ကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က စတင်၍ OSS ရုံး တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်အသင်း(ရန်ကုန်)သက်ကြီးပူ​ဇော်ပွဲနှင့် နှစ်ပတ်လည်အစည်းအ​ဝေး ကျင်းပ
Apr 03,2022
​မော်လမြိုင်အသင်း(ရန်ကုန်)၏ သက်ကြီးပူ​ဇော်ပွဲနှင့် (၁၀၂)ကြိမ်​မြောက် နှစ်ပတ်လည်အစည်းအ​ဝေးကို ယ​နေ့နံနက် ၉ နာရီတွင်​ ရွှေတိဂုံ​စေတီ​​တော်အ​နောက်ဘက်မုခ်၊​ အောက်ပစ္စယာ၊ အုတ်လမ်းရှိ​ မော်လမြိုင်အသင်းဓမ္မာရုံတွင် ကိုဗစ်-၁၉​ရောဂါကာကွယ်​ရေး စည်ကမ်းချက်များနှင့်အညီ ကျင်းပသည်။