သတင်းများ

ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာ၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ ကြဲပက်စိုက်ပျိုး သရုပ်ပြပွဲ အခမ်းအနား ကျင်းပ
Apr 03,2022
​​​​​​​ဓနုဖြူ  ဧပြီ ၃ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြ နန်းတော်ကုန်းကျေးရွာတွင် တောင်သူ ဦးသန်းစိန်နှင့် (၆)ဦး၏ လယ်မြေ ဧက(၂၅)ဧကတွင် ယနေ့၊ ဧပြီလ (၃)ရက်နေ့၊ နံနက်(၉)နာရီအချိန်က သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ ကြဲပက်စိုက်ပျိုး သရုပ်ပြပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Apr 03,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများ အားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ် ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နဝမအသုတ် ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လင်းခေးမြို့နယ်တွင် မြို့အဝင်အထွက်ဂိတ်တွင် ခရီးသွားပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပါ/မပါ စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိ
Apr 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့ ပူးပေါင်းအစီ အစဉ်ဖြင့်  လင်းခေးမြို့၊ မြို့အဝင်အထွက်ဂိတ်တွင် ယနေ့နံနက် ၆နာရီအချိန်မှ စတင်၍ ခရီးသွား ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)ပါရှိမရှိ စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကဝမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ ပညာပေးဆွေးနွေး
Apr 03,2022
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ကာ ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးဆွေးနွေးပွဲကို ဧပြီ(၂)ရက်နေ့က မကျက်ကြီးကျေးရွာနှင့် သပြေကန်ကျေးရွာတို့၌ ပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် လစဉ်ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး/ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်
Apr 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနက အသက်(၂)နှစ်အောက် ကလေး ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး/ထိုးနှံခြင်း လုပ်ငန်းကို ယမန်နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးကြသည်။
ပြည်မြို့ ၀င်္ကဘာ​တောရ ဘ/က  စာသင်တိုက်ကြီး၏ ဦးစီးပမာန နာယက ဆရာ​တော် ဘဒ္ဒန္တဩဘာသ အား "မဟာသဒ္ဒမ္မ​ဇောတိကမဇ"ဘွဲ့တံဆိပ်​တော်နှင့် သက်​တော် ၅၀(ဝါ​တော် ၃၁) နှစ်ပြည့် ​ရွှေရတု ဂုဏ်ပြုမင်္ဂလာ အခမ်းအနား ကျင်းပ
Apr 03,2022
ပဲခူးတိုင်း​ဒေသကြီး (အ​နောက်ပိုင်း) ပြည်မြို့၊ ၀င်္ကဘာ​တောရ ဘ/က  စာသင်တိုက်ကြီး၏ ဦးစီးပမာန နာယက၊ တိုင်း​ဒေသကြီး သံဃာ့၀န်​ဆောင် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် မြို့နယ် ဘုန်းကြီး​ကျောင်း၊ ပညာသင်ကြားမှု ကြီးကြပ်​ရေးအဖွဲ့ ဥက္ကဌ မြို့နယ် သံဃနာယကအဖွဲ့ အကျိုး​တော်​ဆောင် ဆရာ​တော် ဘဒ္ဒန္တဩဘာသအား "မဟာသဒ္ဒမ္မ​ဇောတိကမဇ"ဘွဲ့တံဆိပ်​တော် နှင့် သက်​တော် ၅၀(ဝါ​တော် ၃၁) နှစ်ပြည့် ​ရွှေရတု ဂုဏ်ပြုပွဲ မင်္ဂလာအခမ်းအနားကို ယ​နေ့နံနက်ပိုင်းက ၀င်္ကဘာ​တောရကျောင်း၌ ကျင်းပခဲ့​ကြောင်းသိရသည်။
သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်ရေး အတွက် အသိပညာပေးဟောပြောပွဲကျင်းပ
Apr 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသိပညာပေး ဟောပြော ပွဲကို သက်ဆိုင်ရာဌာနများက  ယနေ့တွင် ကွေ့တက်ကျေးရွာနှင့် လင်းလဲကျေးရွာ တို့တွင် ကျေးရွာ‌ တောင်သူများထံအရောက် ကွင်းဆင်းအသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အေရိုးဗစ် သင်တန်းဆင်းပွဲ ကျင်းပ
Apr 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးပြုနိုင်ရန်၊ ကျန်းမာကြံ့ခိုင်စေရန်နှင့် ပူးပေါင်းဆောင်ရွက် တတ်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော နွေရာသီ အေရိုးဗစ် သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။