သတင်းများ

ပြည်မြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
Apr 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ဧပြီ ၁၉၊ ၂၀ နှင့် ၂၁ ရက်နေ့တို့က မိုးသက်လေပြင်းကျရောက်မှုကြောင့် ရပ်ကွက် ၆ ခုနှင့် ကျေးရွာ အုပ်စု ၁၅စုတို့မှ ပြိုလဲပျက်စီးခဲ့သော
လွိုင်လင်တပ်နယ်တွင် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာအခြေခံသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းများဖွင့်ပွဲ ကျင်းပ
Apr 26,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့တပ်နယ်၊ နဝရတ်ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါအခမ်းအနားအားကျင်းပရာ တပ်နယ်မူးကြီး သန်းထွန်းအောင်မှ သင်တန်းဖွင့်လှစ်ပေးရချင်းအပေါ် ကျောင်းသား/ သူလေးများအား အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။
တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Apr 26,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၉) နာရီအချိန်က ရန်ကင်းသာစည်ကျေးရွာသို့ သွားရောက်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က တစ်ပတ်လျှင် (၄) ကြိမ်  ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှည်းကူးမြို့နယ်၊ စစ်ပင်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှ မထိုးရသေးသော ပြည်သူများအား ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Apr 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ စစ်ပင်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ် နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၅)နှစ်မှ(၁၈)နှစ်အတွင်း ပြည်သူများနှင့် အသက်(၁၈) နှစ်နှင့် အထက်ပြည်သူများတို့အား ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး Mobile အစီအစဉ်ဖြင့် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စစ်ပင်ကျေးရွာအုပ်စုတွင် ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
ကတိုက်ကြီးကျေးရွာတွင် "ဘဝအလင်း" အသိပညာပေးနှင့် လူမှုကယ်ဆယ်ရေးအသင်းမှ ကြီးမှူး၍ အခြေခံရှေးဦးသူနာပြု စုနည်းသင်တန်းဖွင့်လှစ်
Apr 26,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကတိုက်ကြီးကျေးရွာတွင် "ဘဝအလင်း" အသိပညာပေးနှင့် လူမှုကယ်ဆယ်ရေးအသင်းမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျေးရွာနေ လူငယ်များ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရန် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။
ကော့သောင်းမြို့တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) Booster ထပ်ဆောင်း ထိုးနှံပေး
Apr 26,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် အသက်(၄၀)နှစ်နှင့် အထက် မြို့နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကို (တတိယအကြိမ်) Booster  ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ဆေးထိုးစုရပ်ဖြစ်သည့် ကော့သောင်းမြို့၊ မဉ္ဇူသက ပြည်သူ့ ခန်းမ၌ ယနေ့ နံနက်ပိုင်းက  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် နဝမတန်း (Grade-10) သင်ရိုးသစ် ကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲဖြေဆိုရန် မြို့နယ်ပညာရေးမှူးရုံး၌ စာရင်းပေးသွင်းနိုင်ပြီဖြစ်
Apr 26,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အခြေခံပညာနှင့် အဆင့်မြင့်ပညာ ဆက်လက်ဆည်းပူးနိုင်ရန်ရည်ရွယ်၍ နဝမတန်း (Grade-10) သင်ရိုးသစ် ကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲကို မေလ (၉)ရက်နေ့မှ (၁၃)ရက်နေ့အတွင်း ကျင်းပမည်ဖြစ်ရာ ဝင်ရောက် ဖြေဆိုနိုင်ရန်အတွက် ယနေ့မှစ၍ ဧပြီလ (၂၈)ရက်နေ့ နောက်ဆုံးထား၍ မြို့နယ်ပညာရေးမှူးရုံး၌ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ချောက်/လမ်းရွာ​ရေနံ​မြေ၏ ၂၀၂၁ - ၂၀၂၂ Mini Budget အတွင်း လူမှု​ရေးတာဝန်သိမှု CSR အစီအစဉ်ဖြင့် အ​ပေါ့စားမီးသတ်စက်​ပေးအပ်
Apr 26,2022
မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးခရိုင်၊​​ ချောက်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာန ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ချောက်/လမ်းရွာ​ရေနံ​မြေ၏ ၂၀၂၁ - ၂၀၂၂ Mini Budget အတွင်းလူမှု​ရေးတာဝန်သိမှု CSR အစီအစဉ်ဖြင့် အ​ပေါ့စားမီးသတ်စက်​ပေးအပ်ပွဲ ကျင်းပခဲ့သည်။