မိုင်းကိုင်မြို့နယ်၌ အမှိုက်များစနစ်တကျစွန့်ပစ်နိုင်ရေး အမှိုက်ပစ်ကွင်းနေရာ ကွင်းဆင်းကြည့်ရှု
Nov 02,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ မြို့သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်ပစ်ကွင်းနေရာနှင့် အမှိုက်ပစ်ကျင်းများကို စနစ်တကျတူးဖော်သတ်မှတ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့သည် ယနေ့မနက်ပိုင်းက အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ရှိ ယာယီအမှိုက်ပစ်ကွင်း နေရာများသို့ ကွင်းဆင်းကြည့်ရှုခဲ့သည်။