သာယာဝတီမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ
Nov 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ယနေ့နံနက်ပိုင်းက သာယာဝတီ မြို့မဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဈေးရောင်း ဈေးဝယ်ပြည်သူများ နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေး ရည်ရွယ်၍ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။