သတင်းများ

တွံတေးမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Apr 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရေစကြိုမြို့ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်တွင် အသိပညာပေးခြင်းနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံရေးဆောင်ရွက်
Apr 01,2022
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ အဝင်/ အထွက် ဂိတ်တွင် ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်မှစ၍ မိဘပြည်သူများအား ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံခြင်း မရှိသေးသူများ ကာကွယ်ဆေးထိုးနှံခြင်းကို ဌာနဆိုင်ရာများပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၄၁၆၆၂)ဦး ဆက်လက်ဖြေဆို
Apr 01,2022
ရခိုင်ပြည်နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူ ၄၁၆၆၂ ဦးဖြေဆိုခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်၌ ၂၀၂၂ခုနှစ်တက္ကသိုလ်၀င်ခွင့်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ပျော်ရွှင်စွာဖြေဆို
Apr 01,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား ကျောင်းသူ (၃၃၂) ဦးမှ ယနေ့နံနက် ( ၉) နာရီအချိန်ကစ၍ ​နေ့လယ်၁၂နာရီထိအင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ် မာန်မြေကျေးရွာမှ ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင်များအား ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများပေးအပ်
Apr 01,2022
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ မတ်လ ၁၅ ရက်နေ့က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်ခဲ့သည့် မာန်မြေကျေးရွာမှ အိမ်ထောင်စုဝင်များအား မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်ဖိုး ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ခန်းမတွင် ပြုလုပ်ခဲ့သည်။
လူထုအခြေပြုဗဟိုဌာန၌ “လူငယ်များ၏ ရွှေရောင် မနက်ဖြန်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Apr 01,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီခွဲက စာရေးဆရာ နတ်သျှင် (ရွှေဂူ) ရေးသားသော “လူငယ်များ၏ ရွှေရောင် မနက်ဖြန်”စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ လှည့်လည်နှိုးဆော်
Apr 01,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်း မိဘပြည်သူများအနေဖြင့် ပွင့်လင်း ရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်စေရေး ရည်ရွယ်ချက်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၃ နာရီ အချိန်က မီးသတ်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက် များသို့သွားရောက်ပြီး လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် စတင်ဖြေဆို
Apr 01,2022
၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင် စာမေးပွဲကို ယမန်နေ့မှ စတင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် စတင်ဖြေဆိုရာ ကယားပြည်နယ်တွင် လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်း နှင့်မယ်စဲ့မြို့နယ် အသီးသီးရှိ စာစစ်ဌာနများတွင်လည်း စတင်ဖြေဆိုလျက်ရှိသည်။