ကျောက်ပန်းတောင်း ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများကို၊ ပုံမှန်ဆေးထိုးစုရပ်ဖွင့်လှစ်၍လည်းကောင်း၊ Mobile အဖွဲ့များဖြင့် ကွင်းဆင်းထိုးနှံ၍လည်းကောင်း ဆောင်ရွက်လျက်ရှိရာ၊ ဧပြီ(၂)ရက်နေ့ အထိ ပထမအကြိမ်ဆေးထိုးနှံပြီး စီးသူ (၁၅၂၃၀၉)ဦး ရှိပြီး၊ ရာခိုင်နှုန်းအားဖြင့်(၇၁.၇၄)ရာခိုင်နှုန်းရှိ ကြောင်းမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦးရေ (၂၁၂၃၀၁)ဦးရှိသည့်အနက်၊ ၂၀၂၂ခုနှစ်၊ ဧပြီလ(၂)ရက်နေ့ မွန်းလွဲပိုင်းအချိန်အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးသူ (၁၅၂၃၀၉)ဦးရှိပြီး၊ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ(၉၄၀၈၆)ဦး ရှိကြောင်းသိရသည်။ သို့ဖြစ်ရာ တစ်မြို့နယ်လုံးထိုးနှံပြီးစီးမှုမှာ ရာခိုင်နှုန်းအားဖြင့် ပထမအကြိမ် ထိုးနှံပြီးစီးမှု(၇၁.၇၄)ရာခိုင်နှုန်းဖြစ်ပြီး၊ ဒုတိယအကြိမ်ထိုးနှံပြီးစီးမှုမှာ(၄၄.၃၂)ရာ ခိုင်နှုန်းဖြစ်ကြောင်းသိရပြီး၊ အကျုံးဝင်ဦးရေအနက်မှ ဆေးလုံးဝမထိုးနှံရသေးသူမှာ(၅)သောင်းကျော်ခန့် ကျန်ရှိနေရာ၊ ဆေးထိုးနှံမှု ရာခိုင် နှုန်းပြည့် လွမ်းခြုံနိုင်ရေးအတွက်၊ မြို့နယ်ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆေးထိုးအဖွဲ့များမှ ရွာစဉ်အလိုက် ကွင်းဆင်းထိုးနှံနိုင်ရေး အလေးထားဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)