သတင်းများ

မိုင်းခုတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ပေး
Nov 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည်  စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မီးသတ်ဉီးစီးဌာနနှင့် အမှတ်(၁)ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ် မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ
Nov 02,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်အဆင့်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့ညနေ ၂ နာရီအချိန်က မြို့နယ်က‌မ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း၏ အရင်းမပျက် ထာဝရဆေးပဒေသာပင် (၂၄)နာရီ ဆေးအရောင်းဆိုင်ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Nov 02,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ မြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း၏ အရင်းမပျက် ထာဝရဆေးပဒေသာပင် (၂၄)နာရီ ဆေးအရောင်းဆိုင်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီက နာရေးအသင်းရုံးတွင် ကျင်းပပြုလုပ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Nov 02,2022
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွှဲ (၃) နာရီအချိန်ခန့်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ အတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အမ်းမြို့၌ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Nov 02,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေး အထောက်အကူ ဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များအား သက်သာ သောစျေးနှုန်းဖြင့် ‌ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ် (၃) စျေးရပ် ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ပြုလုပ်ခဲ့သည်။
အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ် ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ထိန်း ချုပ်နိုင်ရေးအသိ ပညာပေးခြင်း Mask Campaign ဆောင်ရွက်
Nov 02,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး ခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက် ၇ နာရီတွင် အဗ္ဗနဒီမြို့မစျေးရှေ့ လမ်းဆုံလမ်းမ၌ ပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Nov 02,2022
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရသေ့တောင်မြို့၌ ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ
Nov 02,2022
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပမည့် ဌာနဆိုင်ရာ စုပေါင်း (၂၂) ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် (၁) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။