မော်လမြိုင်အသင်း(ရန်ကုန်)သက်ကြီးပူ​ဇော်ပွဲနှင့် နှစ်ပတ်လည်အစည်းအ​ဝေး ကျင်းပ

ဗဟန်း ဧပြီ  ၃

​မော်လမြိုင်အသင်း(ရန်ကုန်)၏ သက်ကြီးပူ​ဇော်ပွဲနှင့် (၁၀၂)ကြိမ်​မြောက် နှစ်ပတ်လည်အစည်းအ​ဝေးကို ယ​နေ့နံနက် ၉ နာရီတွင်​ ရွှေတိဂုံ​စေတီ​​တော်အ​နောက်ဘက်မုခ်၊​ အောက်ပစ္စယာ၊ အုတ်လမ်းရှိ​ မော်လမြိုင်အသင်းဓမ္မာရုံတွင် ကိုဗစ်-၁၉​ရောဂါကာကွယ်​ရေး စည်ကမ်းချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်၍ အသင်းဥက္ကဋ္ဌ ဦးဆန်းဦးက နှုတ်ခွန်းဆက်အမှာစကား​ပြောကြားပြီး အသင်းသူအသင်းသားများက အသက်(၈၀)နှစ်နှင့်အထက် အဖိုး၊ အဖွားများကို ကန်​တော့ကျိုးရွတ်ဆို၍ ကန်​တော့ကြသည်။

ယင်း​နောက် ကန်​တော့ခံ အဖိုးတစ်ဦးက ​မေတ္တာပို့ဆု​​တောင်းစကား​​ပြောကြားပြီး အသင်းဥက္ကဋ္ဌ နှင့် အလုပ်အမှု​ဆောင်များ၊ အလှူရှင်များက၊ ကန်​တော့ခံအဖိုး၊ အဖွားများကို အလှူ​ငွေနှင့်၊ အလှူပစ္စည်းများ​ ပေးအပ်လှူဒါန်းကြသည်။

ထို​နောက် သိန်း(၃၀)နှင့်အထက် အလှူရှင်များ၊ နှစ်ပတ်လည်အစည်းအ​ဝေးအတွက် (၃)သိန်းနှင့်အထက် အလှူရှင်များကို အသင်းဥက္ကဋ္ဌနှင့် အမှု​ဆောင်များက ဂုဏ်ပြုလွှာများ​ပေးအပ်ကြပြီး အသင်းဥက္ကဋ္ဌက​ ကျေးဇူးတင်စကား ပြန်လည်​ပြောကြားကာ အစည်းအ​ဝေးသို့တက်​ရောက်ကြသူများအား ​မော်လမြိုင်ရိုးရာ သင်္ကြန်ထမင်းဖြင့် ဧည့်ခံကျွေး​မွေးခဲ့​ကြောင်း သိရှိရသည်။

​အောင်မြင့်(ပြန်/ဆက်)