ဂွမြို့နယ်တွင် ဧပြီလအတွင်း ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးရေးအတွက်  Mobile Team ဖြင့် ကာကွယ်ဆေးများ လိုက်လံထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်

ဂွ ဧပြီ ၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေး ဆေးထိုးရန် အကျုံးဝင်သူအားလုံးအား ၂၀၂၂-ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့ နောက်ဆုံးထားပြီးရာနှုန်းပြည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံပြီးစီးရေး ဆောင်ရွက်သွားနိုင်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဇာနည်ကျော်၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဧပြီလ(၅)ရက်နေ့မှ ဧပြီလ(၂၈)ရက်နေ့အထိ  Mobile Team ဖြင့်  ကျေးရွာများသို့ ကွင်းဆင်းကာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို လိုက်လံထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဧပြီလ(၅)ရက်နေ့၌ စည်ပင်ကျေးရွာနှင့် ကျောက်ကြီးကျေးရွာ၊ မဒေါ့ကျောကျေးရွာ၊ ရမာကျွန်းကျေးရွာနှင့် ငရံ့ကျော်ကျေးရွာတို့တွင်လည်းကောင်း၊ ဧပြီလ(၆)ရက် နေ့၌  အလယ်ချောင်းကျေးရွာနှင့် ကွင်းလျားရှည်ကျေးရွာ၊ ကျောင်းတောင်ကျေးရွာနှင့် ပလ္လင်မော် ကျေးရွာတို့တွင်လည်းကောင်း၊ ဧပြီလ(၇)ရက်နေ့၌  ချောင်းသာကြီးကျေးရွာ၊ ဆပ်သွားကျေးရွာ၊ ကံ့ကော်တောင်ကျေးရွာနှင့် ကိုင်းခုံကျေးရွာတို့တွင်လည်းကောင်း၊ ဧပြီလ(၈)ရက်နေ့၌ ရဟိုင်ကွင်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာနှင့် ကုလားပြင်ကျေးရွာတို့တွင်လည်းကောင်း ပထမအကြိမ်အဖြစ် ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ပထမအကြိမ်နှင့် ဒုတိယအကြိမ်အဖြစ်  ထိုးနှံပေးခြင်းကို ဧပြီလ(၂၀)ရက်နေ့၌ ဂွမြို့စုရပ်၊ဆပ်သွားစုရပ်နှင့် ကျိန္တလီစုရပ်တို့တွင်  လည်းကောင်း၊ ဧပြီလ (၂၁) ရက်နေ့တွင် ရဟိုင်ကူးတို့ကျေးရွာ၊ တိုင်ကျိုးကျေးရွာ၊ ဆူးပုတ်ကုန်းကျေးရွာနှင့် ဒိုးတန်းကျေးရွာတို့တွင် လည်းကောင်း၊ ဧပြီလ(၂၂)ရက်နေ့တွင် ဗောဓိကျေးရွာ၊ ဒေါင့်ချောင်းကျေးရွာ၊ ရွှေဦးကွင်းကျေးရွာနှင့် ရှောက်ကုန်းကျေးရွာတို့တွင်လည်းကောင်း၊ ဧပြီလ(၂၅)ရက်နေ့၌ တင်းတောကျေးရွာ၊ ဇီးခုံကျေးရွာနှင့် သဲကုန်းကျေးရွာတို့တွင် လည်းကောင်း၊ ဧပြီလ(၂၆)ရက်နေ့၌ လောင်းကျိုးကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာနှင့် ကြွေချိုင်ကျေးရွာတို့တွင်လည်းကောင်း၊  ဧပြီလ (၂၇)ရက်နေ့၌ ပေါက်တူးကျေးရွာ၊ သစ်ကောက်ကျေးရွာ၊ ဘဝင်ကျေးရွာနှင့် ကင်းပုံကျေးရွာတို့တွင်လည်းကောင်း၊ ဧပြီလ(၂၈) ရက်နေ့၌ မကျေးငူကျေးရွာ၊ တောင်ပေါက်ကျေးရွာ၊ ရေကျော်ကျေးရွာနှင့် ဆင်ကူးကျေးရွာတို့တွင် လည်းကောင်းရာနှုန်းပြည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံပြီးစီးရေး ကျေးရွာများသို့ အရောက် ကွင်းဆင်း၍  ကာကွယ်ဆေးများထိုးနှံဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်