သတင်းများ

ကော့မှူး၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၂) ဖွင့်လှစ်
Nov 02,2022
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်၁၀နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် မီးသတ်ဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့တွင် ရောဂါကူးစက်ခံ ပြည်သူများအတွက် ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ဆန်များအား စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Nov 02,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ရောဂါကူးစက်ခံပြည်သူများအတွက် ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ဆန်များအား စိုက်ပျိုး‌ရေး ဦးစီးဌာနမှ‌ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်(၁၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း အရှိန်မပျက်ဆောင်ရွက်ပေး
Nov 02,2022
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်၀န်‌ဆောင်မိခင်နှင့် ကလေးများ၏ ကျန်းမာရေးအတွက် လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းများကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ အရှိန်မပျက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် သဖန်းကုန်း‌ကျေးရွာ၌ မိသားစုတစ်နိုင်တစ်ပိုင် ဆီးဖြူသီးအမှုန့်‌လုပ်ငန်း လုပ်ကိုင်သူများအဆင်ပြေ
Nov 02,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ တရုတ်‌ကောအုပ်စု၊ သဖန်းကုန်းကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင်အဖြစ် ရာသီပေါ် ဆီးဖြူသီးအမှုန့်လုပ်ငန်းလုပ်ကိုင်ကြသူများ ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး
Nov 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာ များသို့ သုတ၊ ရသစာအုပ်များ အခမဲ့ငှားရမ်းခြင်းများ ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့၌ အခြေခံလူတန်းစားများစားဝတ်နေရေး အထောက်အကူဖြစ်စေရန် ဆန်များ သက်သာသော ဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး
Nov 02,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နတ်မောက်မြို့နယ်ရှိ အခြေခံလူတန်းစားများ စားဝတ်နေရေးအထောက်အကူဖြစ်စေရန် ဆန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က မြို့မစည်ပင်သာယာရေးဈေးအနီးရှိ မြို့နယ်ဥပဒေရုံးအရှေ့တွင် ဆက်လက်ရောင်းချပေးလျက်ရှိသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Nov 02,2022
ပြည်သူများကို လက်ရှိဖြစ်ပေါ်နေသော အခြေနေမှန်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သိရှိစေရန်အတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်လှစ်
Nov 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရှိ မီးသတ်စခန်း၌ ယမန်နေ့နံနက်(၉)နာရီအချိန်က မီးဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ စနစ်တကျဆောင်ရွက်နိုင်ရန်နှင့် စွမ်းရည်ပြည့်ဝသည့် မီးသတ်တပ်ဖွဲ့ဝင်များဖြစ်လာစေရေး ရည်ရွယ်ချက်ဖြင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။