ကွန်ဟိန်း ဧပြီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း ကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က စတင်၍ OSS ရုံး တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆေးထိုးနှံပေးရာတွင် Covidshield ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးနှံပြီးသည့် သူများအား Covaxin ကာကွယ်ဆေး၊ ဆေးမထိုးနှံရသေးသူများအား သတ်မှတ်ကာကွယ်ဆေးများ ဦးတည် အုပ်စုအလိုက် ထိုးနှံပေးလျက်ရှိပါသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဌာနဝန်ထမ်းများမှ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)